Part -27

3.7K 43 0
                                    

[ အပိုင်း-၂၇ ]

"ခလေးငယ် ဦးကိုကြည့်"

ဆက် ရင်ခွင်ထဲမှ ရှိုက်ကြီးတငင်ငိုချနေတဲ့
သူမလေးကို ပုခုံးမှကိုင်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။

ဟင့်!! ရွှတ်!
ရှိုက်သံသဲ့သဲ့လေးနှင့် သူ့ကိုစိုက်ကြည့်လာတဲ့
ခလေးငယ်အား ပါးပြင်မှမျက်ရည်စလေးတွေကို သုတ်ပေးလိုက်ကာ

"ဦးကိုယုံလား"

"ယုံတယ်"

"Omm!! ဦးနဲ့ရောခွဲနိုင်လား"

"ဟင့်အင်း"

မဆိုင်းမတွကိုပြန်ဖြေနိုင်တဲ့ပိစိလေး
အဟက်!
ချစ်ဖို့ကောင်းလိုက်တာ

"ဦးကိုချစ်တယ် ဟုတ်"

"ဒီလောက်ချစ်တာကို မသိဘူးလားလို့ အီးဟီး"

"ဟောဗျာ!"

အခုကျတော့လဲ ကလေးပေါက်လေးလို
ငိုနေလိုက်တာများ မသိရင်ဟိုအရင်နေ့တွေက
လူကိုရက်စက်ထားတာက သူမဟုတ်တဲ့အတိုင်း

"တိတ်ပါဗျာ တိတ်ပါ
လာ! ဦးနဲ့လိုက်ခဲ့တော့"

ပြောလဲပြော လူကိုတစ်ခါတည်းဆွဲခေါ်လိုက်တဲ့
ဦး ကြောင့် ရာရာအသိ၀င်လာကာ

"ဟင်! ဘယ်ကိုလဲဦး"

"ဦးလဲ ခလေးငယ်ကိုချစ်တယ်
ရူးလောက်အောင်ကိုချစ်တာ
အဆုံးရှုံးခံဖို့ဆိုတာက ဦးအတွက် လုံး၀ကို
မဖြစ်နိုင်တဲ့အရာပဲ အဲ့ဒါကြောင့်
ဦးတို့ကိုဘယ်သူမှမခွဲနိုင်တော့မဲ့ နေရာကို
သွားကြမယ်"

"မဖြစ်ဖူး!!
မဖြစ်ဘူး ဦးရဲ့ ရာရာကဦးကိုချစ်ခွင့်ပဲရှိတာ ပိုင်ဆိုင်ခွင့်မရှိဘူးလေ"

"ဘာကြောင့်လဲ"

".............."

သူမလေးမှာ အဖြေမရှိပါ

"မာမီ့ကြောင့်ဆိုရင် ဦးကို ရဲရဲကြီးသာ
အားကိုးပစ်လိုက်
ခများလေးရဲ့ဦးက
ခများ‌လေးအတွက် တံတိုင်းကြီးသဖွယ် အကာအကွယ်ဖြစ်ပေးနိုင်တာမို့လို့"

"အို!
ဦးသိနေတာလား တီမိုးပြောခဲ့တာတွေကို
ဦးက ဦးကဘယ်လိုလုပ်"

"ခလေးငယ်ရယ်!
မင်းသိပ်မှားတယ်
မင်းသိပ်မှားတယ်ပိစိ ဘာကြောင့်များ
အဲ့အကြောင်းပြချက်လေးနဲ့
ဦးရဲ့အဝေးမှာနေဖို့ကို တွေးလိုက်ရတာလဲကွာ"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now