Part -38

3.6K 36 0
                                    

[ အပိုင်း-၃၈ ]

"အမယ်လေး ခုနတုန်းကတော့
သူပဲမှိုရသလိုမျက်နှာကြီး ဖြစ်နေပြီးတော့
အခုကျမှ ယောက်ကျားမယူချင်သေး
ပါဘူးလေးဘာလေးနဲ့ ငါသိပ်မပြော
ချင်ဘူးနော် သိလား သီရိမ"

ပွဲပြီးသွား‌တော့ ည‌နေပိုင်းကိုခြံထဲက
လူတွေအတွက် သီးသန့်ပါတီတစ်ခု
စီစဉ်ပေးထားတာဖြစ်ပြီး သီရိမက
ရာရာ့နားကပ်ကာ လာရစ်နေခြင်းဖြစ်သည်။

"တကယ်ပါဆို ငါမှယောကျာ်း
မယူချင်သေးတာ
အဲ့ပန်းစီးရတယ် ဆိုရင်တော့သေချာတယ်
ဒီနှစ်ဝါမကျွတ်ခင်
ငါလင်ရတော့မှာသိလား"

"ဟဲ့! ရလဲကောင်းတာပဲလေ
နင်ငါ့ကျေးဇူးကြောင့်မို့ အစ်ကိုပန့်လို
ရှမ်းချောချောလေးရတာနော်"

"ဒါမဲ့ငါက နင့်ဦးဆက်လိုမိမိုက်‌နေတဲ့
ဘဲကြီးမျိုးပဲလိုချင်တာပါဆို အီးဟီး"

"ဒါကတော့ဟယ် နင်ကလည်း"

ဘဲမရှိမ သီရိဟာလေ ငုဝါတို့ကိုတော့
သွားမရစ်ပဲ ရာရာ့ကိုသာ လာထိုင်ရစ်
နေတော့သည် ။
ဒီကဖြင့် ကိုယ့်လင်နဲ့ကို
အကြည်ဆိုက်နေချင် ပါတယ်ဆိုမှပဲ
ရာရာ့အဖြစ်ကိုလဲ လာကြည့်ကြပါအုံး
လူတွေရယ်...

ထိုစဉ်

"ရာရာရေ"

"သမီးရာ"

ရာရာတို့ထိုင်နေသည့်အနား
ရောက်လာသည့် တီမိုးအား

"ရှင် တီမိုး အယ်!မှားလို့
ရှင် မာမီ"

ရာရာ့မှာ ခေါ်စမရှိတော့လဲ မာမီလို့
ခေါ်ဖို့အရေးကို အယောင်ယောင်
အမှားမှားဖြစ်ရသေးသည်။

"သမီးယောကျာ်း ပျို့အန်နေပြန်ပြီ
အခုလဲမာမီ့ဆီလာပြီး သူ့ပိစိကိုခေါ်ပေးပါ
ဆိုလို့ သမီးကိုလာပြောတာ"

"ဟယ်!!
ဦးကအန်နေပြန်ပြီ အဲ့ဒါဆို
ရာရာသွားလိုက်အုံး‌မယ်နော် မာမီ"

"အေး သမီး"

"သီရိမရယ် ငါလေနင်ရင်ဖွင့်တာတော့
နားထောင်ပေးချင်ပါတယ်
ဒါမဲ့အခုတော့ငါ့ဦးက"

လင်က အန်နေပြီဆိုတာနဲ့
လင်ထိပ်ထားစံလေးမှာလဲ
ပျာပျာသလဲလဲဖြစ်နေပြီလေ

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now