[ အပိုင်း-၃၉ ]
ရာရာတို့အိမ်ပြန်ရောက်တော့
ဦး မာမီဆီကဖုန်း၀င်လာခဲ့လေသည်။သဘက်ခါ လာဖြစ်မယ်ဆိုတဲ့အကြောင်းရယ်
အခုရက်ပိုင်း
အိမ်မက်တွေမကောင်းတာမို့
ရာရာ့ကိုသေချာဂရုစိုက်ပါဆိုတာရယ်
ဦးကိုမှာလိုက်တယ်တဲ့လေရာရာတို့အိပ်ယာ၀င်ချိန်လေးရောက်တော့
ဦးက သူ့လက်မောင်းကိုပုတ်ပြလေသည်။ဒါကတော့အစဉ်လာမပြတ်တဲ့
ထုံးစံလေးပါ
တကယ်ဆိုရာရာ့အတွက်က
ခေါင်းအုံးကိုမလိုတော့
ဦးရဲ့လက်မောင်းလေးရှိနေရင်ရပြီမဟုတ်လား..."ပိစိရေ"
"ရှင့်"
"ဦးတို့သားလေးရဲ့နာမည်ကိုလေ
တိုင်းမင်းဆက်လို့ ပေးချင်တယ်သိလား""တိုင်းမင်းဆက်"
ရာရာပါ သံယောင်လိုက်တော့ဦးက
"ဟုတ်တယ် ပိစိ
ဦးအဲ့နာမည်လေးကို သဘောကျမိလို့""ဟီး အာ့ဆိုသမီးလေးကိုတော့
အမရာမင်းဆက် လို့ပေးကြတာပေါ့နော့""အမရာမင်းဆက်"
"အွင်း ဟုတ်တယ်"
"ဟား!
ပိစိပေါက်က ရွေးတတ်လိုက်တာဗျာ""ဦးရဲ့မိန်းမပဲလေ
ဒီလောက်တော့ရှိမှာပေါ့လို့""မဗိုက် ခများလေးအခုတလော
လူကိုစိတ်ယားအောင်အရမ်း
အရမ်းတွေ လုပ်လာတယ်နော်
ဒီလူကြီးက ခများလေးနဲ့သာဆိုရင်
မြဲနေတဲ့ပုဆိုးကိုတောင် ချွတ်ချပစ်ပြီး
ဈာန်လျှောချင်နေတော့တာ အဟွန်း""အို!!
ဦးနော် ဘာမှန်းလဲမသိဘူး"လူကို ရီဝေဝေကြည့်နေတဲ့ဦးဟာ
အရက်မမူးပေမဲ့ အချစ်တွေတော့
မူးနေတယ် ထင်ပါရဲ့🍁🍁🍁🍁🍁
ဒီနေ့မနက်ခင်းလေးမှာ
ရာရာကုသိုလ် များများတော့
လုပ်ပြီးသွားချေပြီ မိုးလင်းသည်နှင့်
ဘုရားပန်းနှင့် သောက်တော်ရေလဲကာ
ဆွမ်းတော်တင်ပြီး သုံးဆယ့်တစ်ဘုံလုံးကို
မေတ္တာပို့ အမျှဝေလိုက်၏ထို့နောက်ပုတီးစိပ်ကာ
ဘုရားကိုသုံးကြိမ်ဦးတိုက်ပြီး
အိမ်ရှေ့၀ရံတာလေးကို ထွက်ခဲ့
လိုက်လေသည်။
YOU ARE READING
ဦးရဲ့အချစ်ခံ မဟေသီလေး
Romanceဒီလူသားက မင်းနဲ့တွေ့မှ နှလုံးသားဆိုတဲ့ အကောင်က အသက်၀င်လာခဲ့တာ ပိစိ !!