Part -31

3.5K 39 1
                                    

[အပိုင်း-၃၁]

"ဖူး.... ဖူး.....
ဦးရေ သက်သာလားဟင်"

ရာရာဟာ ဆက်ရဲ့လက်ကောက်၀တ်လေးကို
ဆေးလိမ်းကာ နှုတ်ခမ်းလေးထော်ပြီး
မှုတ်ပေးတော့သည်။

"သက်သာပါတယ် ပိစိရယ်
ဦးကိုအဲ့ဒီလောက်ပဲ စိတ်ပူရသလား
ဟမ်"

ဆက် ချစ်ရသူ‌ရဲ့ခေါင်းလေးကို
ဖွဖွပုတ်ကာမေးလိုက်တော့

"ပူတာပေါ့ဦးရဲ့ ရာရာ့မှာတွယ်တာစရာ
ချစ်စရာဆိုလို့ ဦးပဲရှိတာလေ"

မျက်နှာလေးနွမ်းသွားတဲ့ ပိစိကြောင့်
ဆက် သူ့စကားမှားသွားမှန်းသိလိုက်ကာ

"ကဲ!
ထ ဦးတို့အပြင်သွားကြမယ်"

"ဘယ်ကိုလဲ ဦးရဲ့"

"ပိစိအတွက် လိုအပ်တာတွေ၀ယ်ရမယ်လေ"

"ရာရာက ရပါတယ် ဦးလက်ကိုသာ
ဂရုစိုက်ရမှာ
ကြည့်ပါအုံး လက်ကောက်၀တ်တစ်ခုလုံး
နီရဲနေတဲ့ဟာကို"

"ဦးတို့ဒီနေ့ညစာကို
အပြင်ထွက်စားကြမယ်လေကွာ
ဦးကလဲ လက်နာနေတော့မချက်နိုင်ဘူးလေ"

"ရာရာချက်ကျွေးမှာပေါ့"

"စားမှာပါနော် ဦးမိန်းမရဲ့လက်ရာရော
ဦးရဲ့မိန်းမကိုရော စားမှာစိတ်သာချ
ဒါမဲ့ ဒီနေ့တော့အပြင်မှာသွားစားကြမယ်"

"ဦး"

"ရှူး"
တိတ်တော့
အ၀တ်စားလဲကြမယ်
ပိစိအတွင်း၀တ်တွေလိုနေတာ ဦးသိတယ်"

"ဟာ!! ဦးကဘယ်လို"

"ပိစိ ဦးက မင်း‌လေးရဲ့ယောက်ကျားပါကွ
ကိုယ့်မိန်းမ ဘာလိုနေတယ် ဘာဖြစ်နေတယ်
မသိပဲနေပါ့မလား"

"ဦး ကလဲ"

ဆက် ပြောလိုက်လို့ ရှက်သွေးဖြာသွားတဲ့
သူမလေးအား

"အ၀တ်စားလဲပြီးဆင်းခဲ့နော် ဦးစောင့်နေမယ်"

"ဟုတ်ကဲ့"

ရာရာလဲ ဦးနောက်ကိုလောလောနှင့်
လိုက်ခဲ့ရတာကြောင့် အ၀တ်အစားစုံစုံလင်လင်
မထည့်ခဲ့မိပေ ။
ပိုဆိုးတာက အတွင်း၀တ်များ
သီးသန့်ထည့်ထားသည့်အိတ်ကိုမှ
မေ့နေခဲ့ခြင်းကြောင့် အခက်တွေ့ရတော့သည်။
ထို့ကြောင့် ရာရာလဲ အ၀တ်စားလဲကာ
အပြင်ထွက်ခဲ့လိုက်တော့

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now