Part -21

3.7K 54 1
                                    

[ အပိုင်း-၂၁ ]

"ဆက်!
မင်းဒီလိုသာဆက်လုပ်နေရင်
သေသွားဖို့ပဲရှိတယ် နားလည်လား"

"အဟက်!
အခုကလဲ ရှင်ရက်နဲ့သေနေသလိုပါပဲ
မြန်မြန် သေသွားတော့လဲ ကောင်းတာ"

"ယီးကို မြန်မြန်သေလား ဆက်
ငါအခု မင်းရဲ့ခလေးအကြောင်းလာပြောတာ"

"ဘာ!
ခလေးအကြောင်းဟုတ်လား
ဘယ်မှာလဲ ငါ့ပိစိရော"

သူ့ခလေးဆိုမှ ဘယ်မှာလဲ
ဘာလဲနဲ့ထမေးနေတဲ့ ဆက်ပါ

"ဆက်!"

"ငါ့ခလေးရောလို့"

"ငါပြောပြမယ် သူငယ်ချင်း
မင်းအခုဖြစ်နေတဲ့ပုံစံကိုသာ
မင်းရဲ့ပိစိမြင်ကြည့် ဘယ်လောက်တောင်
စိတ်မကောင်းဖြစ်နေလိုက်မလဲ
ရာရာလေးကလဲ တစ်နေရာရာမှာတော့
ရှိနေမှာပါကွ
မင်းတို့ရဲ့အချစ်က ဘယ်လောက်တောင်ခိုင်မြဲသလဲ

အထူးသဖြင့် မင်း
ဆက် မင်းရဲ့အချစ်ကို
မင်းယုံကြည်လိုက်စမ်းပါကွာ
Newton ရဲ့ Second  Lawလို‌ပေါ့
အရာရာတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်
မင်းရဲ့အချစ်သာစစ်ရင်
မင်းရဲ့ခလေးကမင်းဆီကိုပဲ
ပြန်ရောက်လာမှာ ဆက်
အကယ်၍မစစ်ခဲ့ရင်တော့ "

"အကယ်၍ဆိုတာမရှိဘူး
ငါ့ခလေး ငါ့ဆီပြန်ကိုပြန်လာမှာ
မင်းပြန်တော့ သူရိန်
ငါအခုချိန်မှာ တစ်ယောက်တည်းနေချင်တယ်"

"Omm အခုတော့ ငါပြန်မယ်
ဒါမဲ့ နောက်ရက်ကျရင်တော့
အရက်သမား
အသဲကွဲ စော်ကြည်ဘဲကြီးအနေနဲ့မဟုတ်ပဲ
M&S Group ရဲ့MDသတိုးမင်းဆက်ကိုပဲ
ပြန်မြင်ချင်တယ်"

"အဟွန်း"

"ငါပြန်ပြီ ဆက်"

"အွန်း"

သူရိန်ပြန်သွားတာနဲ့
ဆက် သူ့ရဲ့ Ipadလေးကိုယူကာ
Sound listထဲမှာရှိတဲ့ သူအကြိုက်ရဆုံး
သူနဲ့အတိုက်ဆိုင်ဆုံး သီချင်းလေးတစ်ပုဒ်ကို
ရွေးဖွင့်လိုက်သည်။

🎵တစ်ယောက်ထဲ လူးလှိမ့်ရင်း...🎵

🎵အခန်းထောင့်မှာအလွမ်းတွေပုံပြီး...🎵

🎵အရှင်လတ်လတ်ငရဲကျနေတာမျိုး...🎵

🎵ပူလှောင်လွန်းတယ်...🎵

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now