Part -25

3.9K 47 0
                                    

[ အပိုင်း-၂၅ ]

"ဘာတွေ ဟို ဟိုနဲ့ဖြစ်နေတာလဲဖြိုးခန့်
ပြောစရာရှိတာကို ရဲရဲပြောစမ်းပါ"

လူကစိတ်ရှုပ်နေရတဲ့ကြားထဲ သူကပါ
တဟိုဟိုနဲ့လာလုပ်နေပြန်တယ် တကယ်ပဲ

"‌စပျစ်ဝိုင်တင်သွင်းမှုတွေကို
တစ်ဖက်၀ယ်လက်က
ဈေးပြန်ညှိချင်လို့တဲ့ သူတို့ကို
ရန်ကုန်ထိလာတွေ့ဖို့ ပြောကြည့်ပါသေးတယ်
ဒါမဲ့ တစ်ဖက်၀ယ်လက်က
အင်အားအရမ်းကြီးနေတော့"

"ပြောချင်တာက"

"MDတောင်ကြီးကို သွားရပါလိမ့်မယ်"

"နဂိုကတည်းက အဲ့ဘက်အပိုင်းတွေ
အကုန်
ညှိနှိုင်းထားပြီးသား မဟုတ်ဘူးလား"

"ဟုတ်ပါတယ် ကျွန်တော့အထင်တော့
ကြားထဲက ၀င်ခလောက်တဲ့သူရှိလောက်ပြီ
အဲ့ဒါကြောင့်သူတို့ဘက်က
ချက်ချင်းကြီး ပြောင်းသွားတာ"

"အဲ့ဘက်က အခြေနေတွေအားလုံး
မင်းပဲ ဆက်ထိန်းထားလိုက်ပါ
ငါအခု ရန်ကုန်က‌နေဘယ်မှသွားလို့
မဖြစ်သေးဘူး"

"အဲ့လိုလုပ်လို့မရလို့ပါMD
သူတို့ဘက်ကမနက်ဖြန်ပဲMDနဲ့
တိုက်ရိုက်တွေ့ဖို့ကိုချည်း ပြောနေလို့ပါ"

ဆက် အတန်ကြာတိတ်ဆိတ်သွားသည်။
ဘယ်လိုလုပ်ရပါ့မလဲ ...
ဘာကြောင့် များအခုချိန်မှ
အကြောင်းအရာတွေက တိုက်ဆိုင်လွန်းစွာ
ဖြစ်နေလဲဆိုတာ ဆက် စဉ်းစားမရတော့ပေ
တစ်ဖက်ကအလုပ် တစ်ဖက်ကလဲ
သူသိပ်ချစ်ရတဲ့ ခလေးငယ်

ထပ်ပြီးရွေးကြည့်လည်း
သူခ‌လေးပိစိရဲ့ မျက်ဝန်းတွေကိုပဲ
ပြေးမြင်တယ်
တစ်ယောက်တည်းကိုပဲ
မငြီးငွေ့နိုင်အောင် သဘောကျရတယ်
တွယ်တာမိသမျှထဲ မလွှတ်ချချင်တဲ့
သက်ရှိလေးဟာ သူမလေးပါပဲ

"ကောင်းပြီ ဖြိုးခန့်
အတတ်နိုင်ဆုံး ရက်တိုခရီးဖြစ်အောင်
စီစဉ်ထားလိုက်!"

"ကောင်းပါပြီ MD"

🍁🍁🍁🍁🍁

"ရာရာရေ!"

"ညီမလေး"

"ဟုတ် အစ်ကိုပန့် ရာရာလာပြီ"

မနက်မိုးလင်းသည်နှင့် အစ်ကိုပန့်က
ရာ့ကို လာနိုးပေးသည် ။
သို့ပေမဲ့ ရာရာဆိုတာက
အရင်ကလို ပျော့ညံ့ညံ့မိန်းခလေးတစ်ဦး
မဟုတ်တော့ပေ ။
တစ်စုံတစ်ယောက်က
လာနိုးပေးမှ အိပ်ယာထတတ်သည့်အကျင့်ကို ဖျောက်ထားခဲ့တာ ကြာခဲ့ပြီမဟုတ်လား

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now