“ကိုတိုင်း”
မြင်လိုက်ရသူက အခုလက်ရှိတွဲနေသော မြူခိုးဝေဆိုသော ကောင်လေးဖြစ်နေ၏။တိုင်း မျက်မျောင်ကြုံ့မိသွားသည်။သူ့ကို ကျောင်းသို့ လိုက်မလာပါနှင့်ဟု အတန်တန် မှာထားသည့်ကြားက လိုက်လာဖြစ်အောင် လိုက်လာသေးသည်။
“မြူခိုးဝေ ငါမင်းကို ကျောင်းကို လိုက်မလာပါနဲ့လို့ ငါ အကြိမ်ကြိမ် မပြောဖူးဘူးလား”
“ကိုတိုင်းကလည်း စိတ်မတိုပါနဲ့၊ မြူက ဒီတိုင်းလွမ်းလို့ လိုက်လာတာကို”
နှုတ်ခမ်းထော်ကာ ပြောနေသော မြူခိုးဝေဆိုသည့် ကောင်လေးကို ကြည့်ရတာ ချစ်စရာမကောင်းဘဲ စိတ်ပျက်စရာဖြစ်နေသည်ဟု ဇိုင်း စိတ်ထဲမှ တွေးမိသည်။
'ဟင် ငါနဲ့ဘာမှမဆိုင်ဘဲ ဘာလို့ မြူခိုးဝေကို လျှောက်တွေးနေမိတာပါလိမ့်'
“မင်း မသိဘူးလား ဟမ်! ကျောင်းမှာ ငါ့ကို စောင့်ကြည့်နေတဲ့ နားတွေ မျက်စိတွေ ရှိပါတယ်လို့ ပြောထားရဲ့သားနဲ့ကွာ၊ငါ့အဖေလူတွေက စောင့်ကြည့်နေတာကွ”
“ရံလေး စိတ်လျှော့လိုက်နော်၊ဒီက ညီလည်း မြန်မြန်သွားသင့်ပြီလို့ အစ်ကိုထင်တယ်၊မဟုတ်ရင် ပြဿနာတွေ ကြီးသွားနိုင်တယ်”
“ဘာ! ရံလေး ဟုတ်လား၊ကိုတိုင်းက အဲ့လိုခေါ်ခိုင်းတယ်ပေါ့၊သူ့အမေပဲ ခေါ်လို့ရတယ်လို့ ကိုတိုင်းပြောခဲ့တာ မဟုတ်ဘူးလား”
ဇိုင်း သူတို့အတွဲကြားနေ၍ စိတ်တွေရှုပ်လာရသည်။ထို့ကြောင့် အမြန်ဆုံး သူတို့ရှိသောနေရာမှ ထွက်ဖို့လုပ်တော့ တိုင်းက လက်ကို ဆွဲထားသည်။
“ဘယ်သွားမလို့လဲ”
“ဟင်....မင်းတို့အတွဲ အေးအေးဆေးဆေး ပြောရအောင်လို့ ငါက ရှောင်ပေးတာလေ”
“မလိုဘူး ရတယ်၊ ငါပြောမယ် မြူခိုးဝေ ဒါ ငါ့ချစ်သူ ဇိုင်းသော်တာယံတဲ့၊မင်းက ငါ့ရဲ့ ကစားစရာအဆင့်လောက်ပဲ ရှိလို့ ငါအခု မင်းကို မလိုချင်တော့ဘူး”
“ဟင်” “ဟင်”
“ကိုတိုင်း ဘာပြောလိုက်တာလဲဟင်၊မြူ့ကို မလိုချင်တော့ဘူးတဲ့လား၊မြူတောင်းပန်ပါတယ်၊နောက် ကိုတိုင်း ကျောင်းကို မလာနဲ့ဆို မလာတော့ပါဘူးနော်၊ဒီလိုတော့ လမ်းမခွဲပါနဲ့၊မြူတောင်းပန်ပါတယ်”
YOU ARE READING
Melancholy Love(ongoing)
RomanceOwn creation and own characters 🍂Start Date(2.11.2023)🍂 ☁️Update_every Tuesday, Thursday and Saturday ☁️