Part 11(Unicode)

47 4 0
                                    

ဇိုင်း အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ညစာတောင် မစားနိုင်သေးဘဲ အခန်းထဲပြေးဝင်၊Facebookထဲဝင်ကာ
Tan Tine Kar Yanဟူသော နာမည်ရိုက်ရှာတော့ ကိုယ်တော်ချောအကောင့်ကို တွေ့လိုက်ရသည်။ထို့ကြောင့် အမြန် အကောင့်အပ်လိုက်ပြီးမှ စိတ်အေးကာ အဝတ်အစားများလဲ၍ အောက်ထပ်သို့ ဆင်းနိုင်တော့သည်။

အောက်ဆင်းကာ ထမင်းစားခန်းထဲသို့ဝင်တော့ ဖေဖေ၊မေမေက ပြူးပြဲကာ ကြည့်နေတော့သည်။

“ဖေဖေနဲ့မေမေ ဘာဖြစ်လို့ သားကို ပြူးပြဲကြည့်နေတာလဲဟင်”

“ဟင် သားက အလန့်တကြားဆင်းလာလို့ မေမေတို့က ကြည့်မိတာပါ။ဟိုကောင်လေးက စိတ်ကောက်ပြန်ပြီလား”

“ဟင် ဘယ်လိုသိတာလဲ”

“သံသံပြောပြတာလေ ဇိုင်းကောင်လေး သူ့ကို စိတ်ကောက်ပြန်ပြီတဲ့”

“ဗျာ! ကောင်လေးမဟုတ်ပါဘူး မေမေ၊သူလျှောက်ပြောတာပါ”

“ကောင်လေးမဟုတ်ပေမဲ့ ဖြစ်လာတော့မှာ သိလား မေမေ။ဇိုင်းကလည်း အဲ့ကောင်လေးဆို သည်းသည်းလှုပ်”

“ဟာ....ဘာတွေ လျှောက်ပြောနေပြန်တာလဲ။အဲ့လိုမဟုတ်ဘူးနော် ဖေဖေနဲ့မေမေ။သံသံမ လျှောက်ပြောတာ”

“ဟားဟား...သိပါပြီ ကိုယ်တော်ချောရယ်။ထမင်းသာစားပါတော့။တကတည်း ရှင်းပြနေလိုက်တာ”

“ဟာဗျာ....စလွန်းလို့ ထမင်းတောင်မစားချင်တော့ဘူး”

“နင်မစားရင် ငါစားမှာ။ ပေး နင်မစားနဲ့တော့”

“မကျွေးပါဘူး။ ကျွေးစရာလား”

“တော်တော့ သားနဲ့သမီး”

““ဟုတ်ကဲ့ ဖေဖေ””

......……………….…………
……………….
တိုင်း ရေမိုးချိုး၊ညစာစားပြီး လိုင်းသုံးတော့ notiတက်လာသည်။ထို့ကြောင့် ဘာနိုတီလဲဆိုတာ ဝင်ကြည့်လိုက်တော့ friends requestထဲမှာ Zine Thawtar Yanဆိုသော အကောင့်က လာအပ်ထားသည်။
တိုင်း အကောင့်ထဲ ဝင်ကြည့်ပြီး ပြန်ထွက်ကာ ညနက်မှ လက်ခံမည်ဟု တွေးလိုက်သည်။

“အဟွန်း! မှတ်ထား ငါ့ကိုအရင်လာမအပ်လို့ ခပ်ချေချေနေတာ”

သို့သော် ထိုစကားသည် တစ်ခဏသာ။။ခဏကြာတော့ friends requestထဲပြန်ဝင်ကာ တစ်စုံတစ်ယောက်အကောင့်ကို confirmလိုက်သည်။တစ်ယောက်တည်း ပြုံးနေမိသော်လည်း ထိုအပြုံးသည် ကြာကြာမခံပေ။ဖုန်းဝင်လာသောကြောင့် ပြုံးနေရာမှ တည်သွားကာ
ဖုန်းကိုင်လိုက်သည်။

“hello ပါးပါး”

“အေး မင်း မနက်ဖြန် အိမ်လာခဲ့။မင်းအဖေနှစ်ယောက်ကိုလည်း လာတွေ့ပါဦး။သားတစ်ယောက်တည်း မွေးထားရပါတယ်။ငါ့ကိုလည်း လာတွေ့ဖော်မရ၊သူ့အဖေ ငါ့ယောက်ျား တိမ်နှောင်းကိုလည်း လာတွေ့ဖော်မရ”

“ကိုရှိန်း ဘယ်လိုဖြစ်နေတာလဲ။သားကို မချုပ်ချယ်ပါနဲ့လို့ ပြောနေတာကို”

“ကျွန်တော်ပြောပြမယ် ပါးပါး။ကျွန်တော့်မှာ အဖေနှစ်ယောက်မရှိဘူး။အဖေနဲ့အမေပဲ ရှိတယ်။အဲ့တာ ဦးရှိန်းကာရံမြတ်နဲ့ဒေါ်မေလရောင်ပဲ။ဦးတိမ်နှောင်းပြယ်က ကျွန်တော့်အဖေမဟုတ်ဘူး”

“ဘာကွ!မင်းကို ငယ်ငယ်ကတည်းက စောင့်ရှောက်လာတဲ့ ကျေးဇူးကိုမှ မထောက်။မင်းမို့လို့ ပြောရက်တယ်”

“တော်ပြီနော် ကိုရှိန်း။သားကို ဘာမှမပြောနဲ့”

“အဟွန်း! လူကောင်းယောင်‌ဆောင်နေတဲ့ လူယုတ်မာ”

“မင်း တရားလွန်လာပြီနော် တံတိုင်းကာရံ။မင်း မနက်ဖြန် ငါတို့အိမ် လာကိုလာရမယ်။ဒါတစ်ချက်လွှတ်အမိန့်ပဲ”

“ကောင်းပါပြီဗျ ပါးပါးအငယ်အနှောင်းကို ပြောတာ မကြိုက်တဲ့အတွက် ဝမ်းသာပါတယ်ဗျ။ကျွန်တော်ကတော့ ဆက်ပြောမှာပဲ။ပါးပါး ပြောချင်တာ ဒါပဲမလား။ကျွန်တော် ဖုန်းချပြီ”

ဖုန်းချပြီးနောက် တိုင်း မျက်နှာကို လက်ဖြင့် သပ်ချမိသည်။တကယ်ပင်ပန်းလာပါပြီ။သားမျက်နှာကိုမကြည့်ဘဲ အငယ်အနှောင်းမျက်နှာ တစ်ကမ္ဘာပဲလုပ်တဲ့ ပါးပါးနဲ့လည်း စိတ်ကုန်လှလေပြီ။ဦးတိမ်နှောင်းပြယ်က မ‌ကောင်းတာတော့မဟုတ်။သို့သော် အမြင်မကြည်ခြင်းဖြစ်နေမိသည်ကတော့ မတတ်နိုင်။

ဘာမှမစဉ်းစားတော့ဘဲ အိပ်လိုက်တာ ကောင်းမည်။ဟုတ်သည်၊အိပ်ပဲအိပ်တော့မည်။ထိုသို့စဉ်းစားကာ တိုင်း အိပ်စက်ခြင်းဆီသို့ ဦးတည်ခဲ့တော့သည်။

…………………………............................

ယဉ်မှိုင်း





Melancholy Love(ongoing)Where stories live. Discover now