ဘာမှမစဉ်းစားတော့ဘဲ အိပ်လိုက်တာ ကောင်းမည်။ဟုတ်သည်၊အိပ်ပဲအိပ်တော့မည်။ထိုသို့စဉ်းစားကာ တိုင်း အိပ်စက်ခြင်းဆီသို့ ဦးတည်ခဲ့တော့သည်။သို့သော် လူးလိမ့်နေမိပြီး အိပ်မပျော်။
အိပ်ပျော်လို အိပ်ပျော်ငြား လိုင်းဖွင့်ကာ Facebook ထဲ ဝင်ကြည့်မိတော့
တောင်ခနဲ နိုတီကျလာသည်။ Messengerမှ ဖြစ်နေသည်။“Hi...စားပြီးပြီလား😅”
တောဆန်သောအီမိုဂျီနှင့် တောဆန်သော စကားကြောင့် မျက်မှောင်များ အလိုလိုကြုတ်မိသွားသည်။
“မစားရသေးတော့ မင်းဝယ်ကျွေးမလို့လား”
“အင်းလေ ရံလေးကလည်း မစိမ်းကားပါနဲ့။ခင်ချင်လို့ပါ☹️”
“ကျက်သတုံးကောင်....မင်းတောဆန်တာကွာ။တောအီမိုဂျီနဲ့ တောစကားနဲ့”
“မင်းကလည်း စတာပါကွာ၊ငါသိပါတယ်၊တောဆန်မှန်း။မင်းအဖက်လုပ်အောင် ငါက တမင်ရေးတာ”
“.....”(typing)
“မဟုတ်ရင် မင်းက စာပဲဝင်ကြည့်ပြီး rpမပြန်မှာစိုးလို့ လုပ်တာလေ”
“ငါ ဗိုက်ဆာတယ်”
“အဲ့တော့ ဘာလုပ်ရမှာလဲ။မင်းက ငါ့ကို လာပို့ခိုင်းမလို့လား”
“ဗိုက်ဆာတယ်ပဲပြောတာလေ။မင်းကို လာပို့ခိုင်းနေလို့လား”
“မင်း ညစာမစားရသေးတာလား”
“နေ့လယ်စာကို မစားသေးတာ”
“ဘာ”
“အေး”
“မင်း ဘာစားမယ်လို့ တွေးထားလဲ”
“တကယ်တော့ အိပ်မလို့၊အိပ်မပျော်လို့ လိုင်းသုံးတာ မင်းနဲ့စကားပြောဖြစ်တာပဲ”
“ဒါဆို ဘာစားချင်လဲ"
“ထမင်းကြော်”
“အခုတော့ ဘယ်ဆိုင်မှ မရဘူး။မင်းစားချင်ရင် ကိုယ့်ဘာသာကြော်စားမှရမယ်”
“ငါဘာဟင်းမှမချက်တတ်ဘူး။ပြီးတော့ ထမင်းလည်း မရှိဘူး”
ဇိုင်း စာရိုက်နေရင်းမှ ဆွံ့အသွားသည်။ထမင်းတောင်မရှိဘူးဆိုတော့ တိုင်း ဘာနှင့်စားပါလိမ့်ဟူ၍။
YOU ARE READING
Melancholy Love(ongoing)
RomanceOwn creation and own characters 🍂Start Date(2.11.2023)🍂 ☁️Update_every Tuesday, Thursday and Saturday ☁️