Part 19(Unicode)

38 4 0
                                    

“ဟယ်! တစ်ခုခုတော့ မှားနေပြီ”

“‌တိမ်နှောင်းကမှ တိုင်းကို မွေးထားတာလေ”

“ဟင်!”

“ဟုတ်တယ် သူများအကြောင်း ဝင်စွက်ဖက်လို့မကောင်းပေမဲ့ ဒါက ကိုယ့်သူငယ်ချင်းအရင်းကြီးတွေအကြောင်းဆိုတော့ ပြောပြရမယ်။ဒီလိုလေ တိမ်နှောင်းက တိုင်းကို မွေးထားတယ်ဆိုတာက တိမ်နှောင်းနဲ့ရှိန်းက အစကတည်းက ချစ်သူလေ။

တစ်နေ့ကျ သူတို့မိဘတွေသိသွားရင် သူတို့နှစ်ယောက်ကို ခွဲမှာစိုးလို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ spermကို ယူပြီး အငှားကိုယ်ဝန်ဆောင်တာ။ဒီလိုနဲ့ ကလေးယူတာအောင်မြင်ပေမဲ့ သူတို့မိဘတွေက သိသွားတယ်လေ။အဲ့မှာ သူတို့နှစ်ယောက်ကို တစ်ယောက်တစ်နေရာစီခွဲပြီး ဟိုကိုယ်ဝန်ဆောင်တဲ့မိန်းကလေးနဲ့ ရှိန်းကို လက်ထပ်ပေးလိုက်တာ”

“ဟင် သိပ်နားမလည်သေးဘူး”

“‌ထပ်ပြောပြဦးမယ်။အဲ့မှာ တိမ်နှောင်းကို သူ့အမျိုးတွေရှိတဲ့ Canadaကိုပို့လိုက်တာ။ရှင်ကွဲခွဲတာပေါ့လေ။ဒီမြန်မာနိုင်ငံမှာလည်း
ရှိန်းကို သူတို့သားရဲ့ကိုယ်ဝန်ဆောင်ပေးတဲ့ မိန်းကလေးနဲ့ လက်ထပ်ပေးလိုက်တာ။

ကံမကောင်းစွာနဲ့ ရလာတဲ့ကလေးလေးက ရှိန်းသွေးသားမဟုတ်ဘဲ တိမ်နှောင်းသွေးသားဖြစ်နေတာ။ရှိန်းကတော့ သူချစ်ရသူရဲ့ သွေးသားမို့လို့ ပျော်တာပေါ့။ဒါပေမဲ့ အဲ့မိန်းကလေးက တိမ်နှောင်းပြန်လာရင် သူတို့ပြန်ပြီး တွေ့ကြဦးမယ်ဆိုတာသိလို့ ငယ်ငယ်ကတည်းက တိုင်းကို brain washထားပုံပဲ။တိုင်း၃နှစ်လောက်ရောက်တော့ ရှိန်းနဲ့အဆက်အသွယ်ပြတ်သွားတာပဲ။ရေစက်ပါပုံကတော့ တိုင်းနဲ့သားတို့နဲ့ကလည်း မွေးနေ့တူ၊အသက်ပါတူပြီး သူငယ်ချင်းဖြစ်နေတာလေ”

“ဒါဆို မေမေပြောချင်တာက ဦးရှိန်းက ရံလေးအဖေအရင်းမဟုတ်ဘဲ လေးလေးတိမ်နှောင်းကမှ ရံလေးအဖေအရင်းပေါ့။ဒါကို ဘယ်သူမှသူ့ကိုမပြောပြကြဘူးလားမသိဘူး”

“အင်း သူတို့မပြောပြသေးဘူးဆိုရင် တိုင်းကို သားနဲ့သမီးက ကြိုမပြောပြထားကြနဲ့နော်”

Melancholy Love(ongoing)Where stories live. Discover now