Part 23(Zawgyi)

9 3 0
                                    

21မိုင်သို့အရောက် ကားကိုခဏ ရပ်နားလိုက်သောအခါတွင်မှ တစ်ကားလုံးမှ လူများ နိုးထလာသည်။

“ဟင် ၂၁မိုင်တောင် ရောက်ပြီလား။မြန်လိုက်တာ”

တစ်လမ်းလုံး လူသေလိုအိပ်လိုက်လာသော ငချီ့ကို တိုင်း မျက်လုံးလှန်ကာ ကြည့်မိလိုက်သည်။

“နင် လူသေလို အိပ်လိုက်လာမှတော့ ဘယ်သိမလဲ”

“ဟင် ရံလေး ၂၁တောင်ရောက်ပြီလား။ဆောရီးကွာ ငါအိပ်ပျော်သွားတယ်”

“ရပါတယ် ဇိုင်းရဲ့။မင်းက အိပ်ရေးမဝတဲ့ သူဆိုတော့ အဲ့လောက်တော့ အိပ်ရမှာပေါ့”

မိန်းကလေးနှင့်ယောက်ျားလေးတောင် ခွဲခြားဆက်ဆံနေသော တိုင်းကြောင့် မျက်ရည်နှစ်စက်ကျမိသည်။ဇိုင်းကျတစ်မျိုး၊တခြားသူတွေကျ တစ်မျိုးလုပ်နေသော တိုင်းကို အကုန်လုံး အမြင်ကပ်နေကြသည်။ရောင်နှင့်ကမ်းယံကတော့ သူတို့ကို ဂရုမစိုက်စွာ ကားပေါ်မှဆင်းကာ ဓာတ်ဖမ်းနေကြသည်။

“ဟဲ့အကောင် နင် လွန်တယ်လို့ မထင်ဘူးလား။နင်က ဇိုင်းကျတစ်မျိုး၊ငါတို့ကျ တစ်မျိုး”

“မယ်မင်းကြီးမတို့အဖွဲ့က မဆင်းဘူးလား။နင်တို့ပြောတော့ ၂၁မိုင်က ပဲစိမ်းအပျော့ကြော် ငါမစားဖူးလို့ ဝယ်ကျွေးမှာဆို”

“ဪအေး နင့်ကြောင့်မေ့တာ။လာ သံသာ ပန်းချီတို့ သွားဝယ်ကြမယ်”

“အင်း သွားမယ်”

စကားလမ်းကြောင်းကို သိသိသာသာ လွှဲလိုက်သော တိုင်းကိုကြည့်ကာ ပန်းချီ စိတ်ထဲမှ အကြိမ်ကြိမ်ကျိန်ဆဲနေမိသည်။

“သေနာကောင်၊ကျက်သတုံးကောင်”

သံသာနှင့်ပန်းချီပါ ကားပေါ်မှ ဆင်းသွားသောကြောင့် ကားပေါ်တွင် ဇိုင်းနှင့်တိုင်းသာ ကျန်ခဲ့သည်။ဇိုင်းကတော့ နားတုန်းလေး သူ့မိဘတွေကို ဖုန်းဆက်နေသည်။ဘေးမှတိုင်းကတော့ ဇိုင်းကို ငေးကြည့်နေ၏။

“ဟယ်လို ဖေဖေနဲ့မေမေ သားတို့ ၂၁မိုင်ရောက်ပြီနော်။အဲ့တာ အခု ကားကိုအနားပေးရင်း လူတွေပါ နားနေတာ”

“အေး သား သံသံရော”

သံသာက ၂၁မိုင်ရောက်တုန်း ပဲစိမ်းကြော်တို၊ဆန်ခွေကြော်တို့ သွားဝယ်နေတယ် မေမေ

Melancholy Love(ongoing)Where stories live. Discover now