ယနေ့က တိုင်းတို့ တက္ကသိုလ်နောက်ဆုံးနှစ်တက်ရမည့် ပထမဆုံးနေ့။ဘာလိုလိုနှင့် ဒီတစ်နှစ်ပြီးလျှင် ကျောင်းတော်ကြီးကိုတောင် ခွဲခွာရတော့မည်။အသက်ကြီးလာသည်နှင့်အမျှ ပျော်ရွင်စရာများပျောက်ဆုံးကာ အလုပ်ခွင်ထဲတွင် စိတ်ရှုပ်စရာ၊စိတ်ညစ်စရာ၊အလုပ်ဒဏ်များဖြင့် ပိုက်ဆံအတွက် လုပ်ကိုင်စားသောက်ကြရဦးမည်။
အတွေးများနေစဉ် ရောင်စဉ်မင်းမြတ်နှင့် ညီယံ့ကို တိုင်းတွေ့လိုက်ရသည်။ညီယံ့ကို ကျောင်းလိုက်ပို့တာဖြစ်လေမည်။
ဇိုင်းက တိုင်းငေးနေသော နေရာကို လိုက်ကြည့်တော့ တိုင်းသူငယ်ချင်းရောင်စဉ်နှင့်ကမ်းယံမောင်ကို တွေ့လိုက်ရသည်။“ရံလေး....မင်း အားကျနေတာလား”
“အားကျစရာလား။ ဒီတိုင်းကြည်နူးစရာ ကောင်းတာရော၊ငါ့ညီနဲ့သူငယ်ချင်းဖြစ်တာကြောင့်ရော အဲ့တာကြောင့် ကြည့်မိတာ”
“အေးပါ အေးပါ”
စကားနိုင်လုနေချိန် ညီယံက မြင်သွားပုံပေါ်သည်။သူတို့အနားကို လျှောက်လာပြီး
နှုတ်ဆက်သည်။“ကိုတိုင်းနဲ့ ကိုဇိုင်းပါလား။ငါ့အစ်ကိုတွေနဲ့ မတွေ့ရတာလည်းကြာပြီ။နောက်ဆုံးနှစ်ကျောင်းသားတွေဆိုတော့ ချေသွားတာလား ညီယံ့ကို”
“ပေါက်ပေါက်ရှာရှာပါ ညီယံရာ ကိုဇိုင်းတို့က အခုတလော ညီယံ့ ကိုတိုင်းတောင် သံသာနဲ့ မတွေ့ဖြစ်ဘူး”
“ဒါနဲ့ ညီယံ ရောင်စဉ်ရော”
“ရောင်က ကုမ္ပဏီမှာ အစည်းအဝေးရှိလို့ဆိုပြီး သွားပြီ။ကိုတိုင်းကိုတောင် ပြောသေးတယ်။မအေဘေးလေးက သူငယ်ချင်းအသစ်ရသွားတော့ ငါတို့ကိုတောင် လာမတွေ့ဘူးတဲ့။နောက်နေ့မှ အေးဆေးတွေ့မယ်တဲ့”
“အဲ့သူတောင်းစားကလည်း ငါ့ကိုတောင် ဖုန်းမဆက်ဘဲနဲ့များ”
“ကိုတိုင်းကလည်း ရောင့်ကို မပြောပါနဲ့”
“အေးအေး မင်းပဲ ကာကွယ်ပေးနေလိုက်”
“ဟီး အဲ့တာကတော့ ချစ်လို့ကို”
ညီအစ်ကိုနှစ်ယောက် စကားပြောနေကြတာကို ဇိုင်း ကြည့်ပြီးရယ်မိသည်။
YOU ARE READING
Melancholy Love(ongoing)
RomanceOwn creation and own characters 🍂Start Date(2.11.2023)🍂 ☁️Update_every Tuesday, Thursday and Saturday ☁️