Part 22(Unicode)

38 4 0
                                    

တိုင်း မနက်အစောကြီး နိုးနေလေသည်။မျက်နှာသစ်၊သွားတိုက်ပြီးနောက် ဇိုင်းကို massageပို့ကာ အဝတ်အစားလဲလိုက်သည်။ဇိုင်းပြောသည့်အတိုင်း အဝတ်အစားများထည့်ထားသည့် ကျောပိုးအိတ်ကိုယူ၍ သူ၏ မျက်နှာချင်းဆိုင်အခန်းမှ ငချီ့ကိုခေါ်ကာ ကားရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့၏။

Vanကား၏ နောက်ခန်းထဲသို့ သူ၏ ကျောပိုးအိတ်နှင့် ငချီ့ကျောပိုးအိတ် ထည့်ကာ ကမ်းယံဆီ ဝင်ခေါ်ကြသည်။ကမ်းယံကိုဝင်ခေါ်ပြီးနောက် ရောင်စဉ့်ကိုဝင်ခေါ်ရသည်။ ကားဒုတိယခန်းတွင် ရောင်စဉ်နှင့်ကမ်းယံထိုင်ကာ၊သူတို့နှစ်ယောက်၏ ဘေးတွေ ပန်းချီနှင့်သံသာထိုင်မည်ဖြစ်သည်။တိုင်းနှင့်ဇိုင်းကတော့ ကားတလှည့်စီမောင်းနှင်ရန် driver seatနှင့်lover seatတွင်ထိုင်ကြမည်ဖြစ်သည်။

အကုန်လုံးကို ဝင်ခေါ်ကာ ပြင်ဦးလွင်ခရီးစဉ် စတင်တော့သည်။

”တိုင်း၂၁မိုင်ရောက်လို့နားရင် ငါမောင်းမှာနော်”

“အေး မောင်း”

အနောက်က လေးယောက်သည် ယခုမှ မန္တလေးမြို့က စထွက်ကာစရှိသေးသည်ကို
ဗိုက်ဆာသည်ဟု ပြောလေသည်။

“ဇိုင်းတိုင်း ငါတို့ဗိုက်ဆာတယ်။မနက်၃နာရီကတည်းက ထပြီး ဘာမှမစားရ‌သေးဘူး”

“ဟ ငါတို့လည်း သနားပါဦး”

“မင်းကလည်း မပြောပါနဲ့ ငါတို့လည်း ဗိုက်ဆာတယ်”

“ဇိုင်း မင်း ဘာစားချင်လဲ”

“ငါတို့က အုန်းချောကျမှ စားမှာနော်”

“နင်တို့ကို မေးတာ မဟုတ်ဘူး။ဇိုင်း‌ကိုမေးတာ”

“ဟင်းဟင်း!!!တိုင်းနော် နင် နင့်crushနဲ့မနီးစပ်ချင်တာလား”

“ဟင် ရံလေးမှာ ချစ်ရတဲ့သူရှိတာလား”

“အေးပေါ့ဟ သူ့သူငယ်ချင်းထဲက ‌လူကိုကြိုက်တာ”

“ဟေ့ဟေ့ ငချီတော်တော့ နင်တို့စားချင်နေတဲ့ အုန်းချောကျရင် ကျွေးမယ် ဆိုင်သာရွေးထား”

“ချိုတီးဆိုင်ဝင်လိုက် စားချင်တာစား၊မှာချင်တာမှာကြပေါ့ ဟုတ်တယ်မလား”

Melancholy Love(ongoing)Where stories live. Discover now