"မင်းဘာကောင်လဲ"ခွပ် ခွပ် ခွပ်
သုံးချက်ဆင့်ထိုးခံလိုက်ရတာကို အရှေ့ကလူကမဖြုံ။သူ့နောက်ကဆော့ဂျင်ကိုသာ မျက်လုံးကျွတ်ကျမတက်စိုက်ကြည့်နေတာ။ဒီဝိုင်းမှာစထိုင်ကတည်းက အဲ့ကောင် ဆော့ဂျင်ကိုမျက်လုံးနဲ့ပြစ်မှားနေတာသူသိသည်။ကြာလာတော့သူလုံးဝသည်းမခံနိုင်တော့ပေ။ဘယ်လိုလူကရော ကိုယ့်ချစ်သူကိုအဲ့လိုစိုက်ကြည့်နေတာကိုခွင့်ပြုမှာတဲ့လဲ။
"ခင်ဗျားအရမ်းလှတယ်"
"မင်း!!တောက်စ်!!"
သူ့ကိုတစ်စက်လေးမှမကြည့်ဘဲဆော့ဂျင်ကိုကြည့်ပြီးပြောကာလှည့်ထွက်သွားပုံများ ပြေးပြီးရိုက်သတ်ချင်စရာ။ဆော့ဂျင်သာမဆွဲထားဘူးဆိုရင်အဲ့ကောင်သေနေလောက်ပြီ။
"ထယ်ရယ် စိတ်ကိုထိန်းပါ သူ့ကြည့်ရတာလည်း စိတ်ပုံမှန်မဟုတ်တဲ့သူလိုပါဘဲ"
"အဲ့ကောင်အကြည့်တွေကမရိုးသားဘူး Hyung"
"ထားလိုက်ပါထယ်ရယ် လာ စားစရာရှိတာစားပြီး သွားရအောင်"
ပြုံးပြကာပြောလာတဲ့ Hyung ကြောင့် သူစိတ်လျှော့ကာ ထိုင်ခုံမှာဝင်လိုက်သည်။ သူ Hyung ကိုစိတ်မချဘူး။အဲ့ကောင် Hyung ဆီထပ်ရောက်လာရင် ဘယ်လိုလုပ်မလဲ။အဲ့ကောင်ပုံစံကတကယ့်ဆိုက်ကိုကောင်ပုံစံ။
"ထယ်ရယ်သူ့အကြောင်းတွေးမနေပါနဲ့ ငါ လည်းကလေးမှမဟုတ်တော့တာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်"
တီးတိုးရွေရွတ်နေတဲ့ Hyung ကို သူဘာမှပြန်မပြောဘဲ မသိချင်ယောင်ဆောင်နေလိုက်သည်။ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲ့ကောင် Hyung နားမကပ်စေရဘူး။
ပြွတ်စ်
"စိတ်လျှော့လိုက်တော့နော် ထယ်"
သူ့ကိုထယ်ကဘာစကားမှပြန်မပြောတော့လည်း သူမနေတတ်တော့ပေ။ထယ်ကခုကိစ္စကိုဒေါသထွက်နေတာဖြစ်သည်။သူ့အတွက်ယောက်ျားတိုင်းကမရိုးမသားကြည့်ကြတာမဆန်းတော့ပေ။ သူ့ကိုအဲ့လိုကြည့်လာခဲ့ရင်လည်း ထယ်ကနဲနဲလေးမှသည်းမခံတတ်ပေ။သူ့အတွက်ဆိုထယ်က ဒေါသကြီးသည်။ရန်လိုတတ်သူဖြစ်သည်။
ဒါတွေအားလုံးကိုလည်းသူနားလည်သည်။ထယ်ဟာသူ့ကိုအရမ်းချစ်လို့ဆိုတာကိုပေါ့။
နဖူးကိုလာနမ်းတဲ့ Hyung ကြောင့် သူဒေါသကိုလျှော့ချလိုက်ရသည်။အဲ့ကောင်နဲ့လမ်းမှာတွေ့ရင်ဒီတခါသူသေကိုယ်သေဘဲ။
~~~~~~~~~~~~~~~~~~~
နီကျင်ကျင်အခန်းကျဉ်းလေးဝယ် ခဲပန်းချီ ၊ရောင်စုံပန်းချီ ၊ စက္ကန့်မလပ် ရိုက်ထားတဲ့ Photoတွေ၊ နံရံမှာရေးခြစ်ထားတဲ့ပုံတွေဟာ လူတစ်ယောက်ထဲရဲ့ပုံတွေပင်။
"ကင်မ်ဆော့ဂျင် ခင်ဗျားကို ကျုပ်အပိုင်လိုချင်တယ်"
ဆိုဖာပေါ် ကျောမှီထိုင်နေရင်း ဆေးလိပ်ငွေ့တွေကို ပါးတွေချိုင့်ဝင်သည်အထိရှူရှိုက်ကာ နံရံမှာကပ်ထားတဲ့ပုံတွေကို သေချာစူးစိုက်ကြည့်သည်။