ဒိုင်း🔥🔥
"အင့်!!"
ဂျောင်ကုကသေနတ်ကို ထယ်ယောင်းလက်ထဲမှဆွဲယူလိုက်တော့ လွယ်လွယ်နဲ့လက်ထဲပါမလာဘဲ သူလုကိုယ်လုနဲ့ကျည်ဆံဟာ အပေါ်ကိုပစ်မိသွားခြင်းဖြစ်သည်။ဆော့ဂျင်ကရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့သူတို့နှစ်ယောက်ကိုမျက်နှာသေနဲ့ကြည့်နေလေသည်။
"ငါမသေမချင်းမင်းမသေရဘူး ငါမင်းကိုရအောင်သတ်မှာ"
ထယ်ယောင်းက ဂျောင်ကုရဲ့ဗိုက်ကိုဖြတ်ကန်လိုက်ချိန် ဂျောင်ကုကလည်း လက်သီးနဲ့ရင်ဘက်ကိုထိထိမိမိထိုးချမိလိုက်တော့ သေနတ်ကအဝေးကိုလွင့်ထွက်သွားတော့သည်။နှစ်ယောက်သားသေနတ်ဆီအာရုံမရောက်တော့ဘဲ လုံးထွေးသတ်ပုတ်ရန်သာစိတ်ရောက်နေခဲ့သည်။
ဒုန်း
"အာ့!!"
ထယ်ယောင်းက ဂျောင်ကုရဲ့မျက်နှာကိုလက်သီးနဲ့ထိုးချလိုက်ပြီးဆောင့်တွန်းလိုက်တာကြောင့် ခုံစောင်းနဲ့တိုက်မိပြီး လဲကျသွားသည်။ထယ်ယောင်းက လဲကျနေတဲ့ဂျောင်ကုဆီလျှောက်သွားကာ ခါးကနေဖြတ်ကန်ပစ်လိုက်တော့ နံရံဘေးပြေးကပ်သွားလေသည်။
ဂျောင်ကုဆီမှညည်းသံဟာလည်းကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့တော့သည်။နောက်တချက်ဖြတ်ကန်ရန်အလုပ်တွင်တော့ ဆော့ဂျင်ဟာတားဆီးလာခဲ့တော့သည်။
"ထယ်"
ခေါ်သံခပ်တိုးတိုးကြောင့် ထယ်ယောင်းရဲ့ခြေထောက်ဟာလေထဲရပ်တန့်သွားပြီး နောက်ကိုလှည့်ကြည့်လာသည်။ခေါင်းခါရမ်းပြလာတဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းဟာဆော့ဂျင်ရှိရာလျှောက်လှမ်းလိုက်တော့ ခြေထောက်ကိုဖြတ်ရိုက်ခြင်းခံလိုက်ရသည်။
"အားးး!!"
ချက်ချင်းဆိုသလိုလဲကျသွားရပြီး ရိုက်ခံရတဲ့ခြေထောက်ကိုကိုင်ရင်း နာကျင်လွန်းလို့အော်ဟစ်ငြီးတွားမိသည်အထိ။ဂျောင်ကုက သစ်သားပြားချောင်းကိုဆုပ်ကိုင်ထားပြီး ထယ်ယောင်းရှိရာကိုလျှောက်လာသည်။နှစ်ယောက်လုံးအထိနာနေသလို သွေးတွေသည်လည်းနှစ်ယောက်လုံးဆီမှာမြင်မကောင်း။
ထယ်ယောင်းရဲ့ခေါင်းမှာစည်းထားတဲ့ပတ်တီးစသည်လည်း အနီရောင်သို့ပြောင်းလဲသွားစေပြီဖြစ်သည်။အက်စီးဒင့်ကြောင့်ရော ဂျောင်ကုနဲ့သတ်ပုတ်ထားတာကြောင့်ရောပေါင်းကာ တကိုယ်လုံးနာကျင်နေရပြီး ပြန်ထမလာနိုင်တော့ပေ။
အချစ်ကြီးတဲ့သူကရူးရတယ်ဆိုရင် တစ်ယောက်အပေါ်တစ်ယောက်ချစ်နည်းမတူပေမယ့် အချစ်ကြီးတာချင်း တူတော့ သုံးယောက်လုံးရူးရသည်။
နှစ်ယောက်လုံးသွေးသံရဲရဲတွေဖြစ်ပြီး ဂျောင်ကုသည်လည်းဒဏ်ရာတွေကြောင့် မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျသွားတော့သည်။ထယ်ယောင်းနာကျင်မှုကိုအော်ဟစ်ငြီးငြူရင်း ဆော့ဂျင်ကိုလှမ်းကြည့်သည်။ဆော့ဂျင်ကထယ်ယောင်းကိုရော ဂျောင်ကုကိုရော တလှည့်စီကြည့်ကာ မတ်တပ်ထရပ်သည်။မျက်ရည်တွေကျနေပေမယ့် ဘာကိုမှအသိစိတ်မရှိတော့သည့်လူတစ်ယောက်လို မျက်နှာသေနဲ့ဖြစ်သည်။