ဒီနေရာကနေ အဝေးဆုံးကိုထွက်ပြေးဖို့ရာ ကြံရွယ်နေခဲ့တာကြာပြီဖြစ်သည်။ဘယ်လိုမှအခွင့်မသာခဲ့တာကြောင့် ဒီမှာရှိနေခြင်းဖြစ်သည်။
ဒီနေ့အခန်းကတိတ်ဆိတ်နေပြီး ဂျောင်ကုရဲ့အရိပ်အယောင်လည်းမတွေ့ရသဖြင့် သူတံခါးနားသို့ချည်းကပ်လိုက်သည်။လက်ကိုင်ဘုပေါ် လက်တင်ရင်း တံခါးကိုအပြင်ကနေ သော့မခတ်ရန်သာဆုတောင်းလိုက်ပြီး မျက်လုံးစုံမှိတ်ကာ တံခါးကိုဖွင့်လိုက်သည်။
ဂျောက်
"ဟင်!"
တံခါးကလွယ်လွယ်ကူကူဘဲပွင့်သွားတာကြောင့်အခန်းပြင်ထွက်ကာ ဝေ့ဝဲကြည့်လိုက်သည်။ထိုအခန်းတခုလုံးသူ့ပုံတွေနဲ့သာပြည့်နေပြီး ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေသိပ်မရှိပေ။
ဒီကောင်လေးသူ့အပေါ်ဒီလောက်ရူးသွပ်မယ်မှန်းမသိပေ။တီဗီထောင်ထားတဲ့နားသွားကာ ဆိုဖာရှည်တွေပေါ်အကြည့်ရောက်သွားသည်။
"ဖုန်း"
ဆော့ဂျင်အားရဝမ်းသာဖြင့် ဖုန်းကိုကောက်ယူလိုက်ပြီးဖွင့်လိုက်တော့ ဖုန်းကလော့မခတ်ထားပေ။အလွတ်ရနေတဲ့ဖုန်းနပတ်လေးကိုခေါ်လိုက်တော့ ချက်ချင်းတန်းဝင်သွားသည်။သို့သော်ချက်ချင်းတော့ဖုန်းကိုမကိုင်ပေ။ခဏကြာမှဖုန်းကိုင်လာသဖြင့် အားကိုးတကြီးတောင်းဆိုလိုက်မိသည်။
"ထယ်....."
ပြန်ဖြေသံမကြားတဲ့ဖုန်းလေးကြောင့် သူဝမ်းနည်းကာ ထပ်ပြောလိုက်တော့သည်။
"ငါ့ကို ကယ်ပါ...."
"ဂျွန်ဆော့ဂျင်!!!"
ဆောင့်ခေါ်သံနဲ့အတူ သူ့လက်ထဲကဖုန်းကပါ ဂျောင်ကုလက်ထဲပါသွားလေသည်။
"ခင်ဗျား ဒါဘာလုပ်တာလဲ"
"ငါထယ့်ဆီကိုဆက်တာ"
"ခင်ဗျားကို အဲ့ကောင်လာကယ်မယ်လို့ထင်နေတုန်းလား"
"သေချာပေါက်သူငါ့ကိုလာကယ်မှာ ငါယုံတယ် အာ့!"
"သူခင်ဗျားကို တကယ်မချစ်ပါဘူး"
ဂျောင်ကုက ဆော့ဂျင်ရဲ့ပါးနှစ်ဖက်ကိုစုကိုင်ရင်းပြောသည်။ဆော့ဂျင်ကလည်းခေါင်းကိုခါရမ်းကာဆက်ပြောသည်။
"မင်းမဟုတ်တာ မပြောနဲ့ ထယ်ငါ့ကိုသိပ်ချစ်တယ်ဆိုတာ ငါသိတယ် ထယ်ငါ့ကိုမကြာခင်လာကယ်တော့မှာ"
ထိုစကားကြောင့် ဂျောင်ကုရဲ့မျက်လုံးတွေဟာ နီရဲလာပြီး ဆော့ဂျင်ရဲ့ပါးတွေကို ပိုပြီးဖစ်ညှစ်လာခဲ့လေသည်။
"ငါ့ကိုလွှတ်နော်"
"ကျုပ်လောက်အဲ့ကောင်ခင်ဗျားကိုမချစ်နိုင်ပါဘူး"
"......."
"ကျုပ်လောက်လည်းအဲ့ကောင် ခင်ဗျားအကြောင်းကိုမသိပါဘူး"
ထိုစကားကိုကြားတော့ ဆော့ဂျင်ကဂျောင်ကုရဲ့လက်ကိုဆွဲဖြုတ်လိုက်ပြီး ဟက်ဟက်ပက်ပက်အော်ရယ်လေသည်။