"ဘာလုပ်တာလဲ!"
အညိုရောင်မျက်ဝန်းတွေထဲ သူ့ကိုမလိုလားမုန်းတီးမှုတွေက အထင်းသားပေါ်လွင်နေသည်။
ဘာလို့လဲ။ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေကအတွေးထဲထပ်နေလေပြီ။
"ခင်ဗျားကိုချစ်လို့"
လက်တဖက်လုံးတက်တူးအပြည့်နဲ့ဖြစ်ပြီး ဆံပင်တွေကိုလည်းနောက်တွင်စည်းနှောင်ထားသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အတူ နှုတ်ခမ်းပါးပါးကိုလည်းပိုင်ဆိုင်ထားသေးသည်။
စမြင်ထဲကထိုကောင်လေးဟာ ကြည့်ကောင်းသည်ဟုသူမှတ်ချက်ပြုခဲ့ဖူးသည်။ဒါပေမယ့်သူ့မှာ ထယ် ဆိုတဲ့ချစ်သူရှိနေပြီလေ။ဒီကောင်လေးကိုသူပြန်ချစ်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စရယ်ပါ။
"ငါမင်းကိုမချစ်ဘူး"
"...….."
"ငါ့မှာရည်ရွယ်ထားတဲ့လူရှိပြီးသား"
ဒီလိုစကားတွေပြောလာလိမ့်မယ်ဆိုတာ ဂျောင်ကုကြိုသိနေခဲ့သည်။အစထဲကသူကပိုင်ရှင်ရှိတဲ့လူကိုချစ်မိခဲ့တာကို။
"အဲ့ကောင်ကိုထားခဲ့ပြီး ကျုပ်နောက်လိုက်ခဲ့"
"ဘာလုပ်တာလဲ ငါ့လက်ကိုလွှတ်စမ်း"
အလှလေးရဲ့လက်ကိုအတင်းဆွဲလေတော့ သူ့လက်မောင်းကိုရိုက်နှက်လာလေသည်။
"ငါမလိုက်နိုင်ဘူး ငါ့လက်ကိုလွှတ်ပေး"
"ခင်ဗျားကမလိမ္မာဘူး ဂျွန်ဆော့ဂျင်"
"အာ့!"
ရုန်းကန်နေတဲ့ဆော့ဂျင်ရဲ့လက်ကိုဂျောင်ကုကပိုတင်းဖစ်ကာ ကိုင်လိုက်တော့ ဆော့ဂျင်ထံမှအသံသေးသေးလေးထွက်ပေါ်လာလေသည်။နားပါးလွန်းတဲ့ဂျောင်ကုက ဆော့ဂျင်ကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေကို လွှတ်လိုက်ပြီး ရဲတွတ်သွားတဲ့ လက်ကောက်ဝတ်ကို အာငွေ့နွေးနွေးဖြင့်မှုတ်ပေးနေလေသည်။
"ငါ့ကိုလွှတ်!"
"တောင်းပန်ပါတယ် ကျွန်တော် ခင်ဗျားကိုထိခိုက်စေလိုစိတ်မရှိပါဘူး"
ခုနကလိုကြောက်စရာကောင်းတဲ့မျက်ဝန်းတွေမဟုတ်တော့ဘဲ အပြစ်ကင်းစင်တဲ့ကောင်ငယ်လေးတစ်ယောက်အသွင်ကူးပြောင်းသွားတာကြောင့် သူငြိမ်နေလိုက်သည်။
"စိတ္တဇလိုကောင် မင်းဒါဘာလုပ်တာလဲ!!"
ဆောင့်တွန်းခြင်းခံလိုက်ရတဲ့ဂျောင်ကုဟာ မြေပြင်ပေါ်ပက်လက်လန်ကျသွားလေတော့သည်။ဒေါသနဲ့မော့ကြည့်မိတော့ ဟိုကောင်
"ကင်မ်ထယ်ယောင်း!!!"
သတ်ချင်နေတာအဲ့ကောင်ကို။အလှလေးကိုပိုင်ဆိုင်ထားတဲ့ကောင်။အဲ့ကောင်သေမှအေးမယ်။
"မလုပ်နဲ့!"
ထယ်ယောင်းဆီအရှိုန်နဲ့ပြေးဝင်လာတဲ့ဂျောင်ကုဟာ ဆော့ဂျင်ရဲ့အော်သံကြောင့်ရပ်တန့်သွားလေသည်။