မျက်နှာကိုလာဟပ်တဲ့နေရောင်ကြောင့်အိမ်မက်ဆိုးမှသူနိုးထလာခဲ့သည်။မျက်စိရှေ့တည့်တည့်မြင်နေရတာက တခါမှမမြင်ဖူးတဲ့မျက်နှာကျက်။ထိတ်လန့်ကာဘေးကိုကြည့်မိတော့ သူမရင်းနှီးသည့်ပတ်ဝန်းကျင်။တစ်စုံတရာကိုသတိရမိလိုက်ချိန်မှာဘဲအခန်းတံခါးဟာပွင့်လိုက်သည်။
"ဂျွန်ဂျောင်ကု"
"ခင်ဗျားအတွက်လိုအပ်မယ်ထင်တာတွေ"
"ငါ့ကိုလွှတ်ပေး ဂျောင်ကု"
ခြင်းလေးထဲထည့်ထားသည်က သွားတိုက်တံနဲ့တခြားတကိုယ်ရည်သုံးပစ္စည်းတွေ။အနားတိုးလာတဲ့ဂျောင်ကုကိုစူးရဲစွာကြည့်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့ခြင်းကိုဆွဲယူလွှတ်ပစ်လိုက်သည်။
"မင်းငါ့ကိုဘယ်ခေါ်လာတာလဲ ခုချက်ချင်းငါ့ကိုလွှတ်ပေး"
"ပြန်လွှတ်ပေးဖို့စိတ်ကူးမရှိဘူး ပြန်ဖို့လာမပြောနဲ့"
ဂျောင်ကုအသံဟာတည်ငြိမ်နေပြီး လွင့်စင်သွားတဲ့ပစ္စည်းတွေကိုတခုမကျန်ပြန်ကောက်ထည့်ပြီး စားပွဲပေါ်တင်လိုက်သည်။ပြီးတော့ဆော့ဂျင်ကိုခါးထောက်ကာကြည့်သည်။
"ငါ့ကိုပြန်ခွင့်ပေးပါဂျောင်ကုရယ် Hyung တောင်းပန်ပါတယ်နော်"
ဆော့ဂျင်ဂျောင်ကုနားသွားကာ ဂျောင်ကုလက်ဖဝါးကြီးကြီးတွေကို ဆုပ်ကိုင်ပြီးချော့ပြောတော့ ကောင်လေးရဲ့မျက်လုံးတွေသည်ဖျော့တော့သွားတာတွေ့လိုက်ရသည်။
"ကျွန်တော်....."
"Hyung တောင်းဆိုပါတယ် ခုလောက်ဆိုထယ်လည်းအိမ်ကိုပြန်ရောက်နေလောက်ပြီ"
"ခင်ဗျားပါးစပ်ကိုပိတ်လိုက်တော့ ဂျွန်ဆော့ဂျင် အဲ့ကောင်နမည်ကိုကျုပ်မကြားချင်ဘူး"
"ငါမင်းကိုမုန်းတယ်"
"မုန်း သေအောင်မုန်း ကျုပ်ကတော့ခင်ဗျားကိုချစ်လွန်းလို့ ဘယ်ကိုမှပြန်မပို့နိုင်ဘူး"
"မင်း လူယုတ်မာ အာ့!!'
လက်ကိုလိမ်ချိုးခံလိုက်ရတာကြောင့် နာကျင်သွားရသည်။ဒီကောင်လေးရဲ့စိတ်ကပုံမှန်မဟုတ်ပေ။ဒီရေလိုတက်လိုက်ကျလိုက်။
"ကျုပ်ခင်ဗျားကို ဘာမှယုတ်မာထားတာမရှိသေးဘူး"
"ငါ့ဆန္ဒမပါဘဲ ငါ့ကိုခေါ်လာကတည်းက မင်းကလူယုတ်မာဖြစ်ပြီးသား"
"ခင်ဗျားတိတ်လိုက်တော့ မဟုတ်ရင်"
"မဟုတ်ရင်ဘာလုပ်မှာလဲ ဘာလုပ်မှာလဲလို့"
အလှလေးကမျက်ရည်တွေနဲ့မလိုက်ဘူး။
"မငိုနဲ့!"
ဆိုပြီးမျက်ရည်တွေကိုသုတ်ပေးလာပြန်တဲ့ဂျောင်ကုရဲ့လက်ကိုပုတ်ထုတ်ပစ်ကာ အိပ်ယာပေါ်အသာလေးပြန်ထိုင်နေလိုက်သည်။သူ့ကိုစိတ်မသက်သာသလိုကြည့်ပြီးဂျောင်ကုကအခန်းပြင်ပြန်ထွက်သွားသည်။တံခါးကိုလည်းပြန်ပိတ်သွားသေးသည်။