"Hyung"
ထပ်လာပြန်ပြီဒီကောင်လေး။
"ဧည့်သည်ဘာသုံးဆောင်မလဲဗျ"
"Hyung ရဲ့အချစ်တွေ"
"မင်း!"
"စတာပါဗျာ....ဘလက်ခ်ကော်ဖီဘဲပေး"
အလှလေးရဲ့မျက်နှာရဲရဲကြောင့် သူဆက်မစတော့ဘဲ မှာစရာရှိတာသာမှာလိုက်သည်။
အလှလေးရဲ့လှုပ်ရှားမှုအားလုံးကိုအသေးစိတ်လိုက်ကြည့်နေမိသည်။ခင်ဗျားကိုချစ်မိတာ ကျွန်တော့်အပြစ်မှမဟုတ်တာ ခင်ဗျားရယ်။
"ကောင်းကောင်းသုံးဆောင်ပါ"
လာချပေးတဲ့ကော်ဖီထက်ခပ်သင်းသင်းကိုယ်သင်းနံ့လေးဟာ သူ့နှာဝမှာရစ်ဝဲသွားသည်။အလှလေးကသူ့နားမှာနေချင်ပုံမပေါ်ပေ။လှစ်ကနဲဆိုသူ့မျက်စိရှေ့ကနေပျောက်ပျောက်သွားတတ်သည်။
လွယ်လာတဲ့ကျောပိုးအိတ်ကိုခုံပေါ်တင်လိုက်ပြီး စာရွက်နဲ့ခဲတံကိုထုတ်လိုက်သည်။ပြီးတော့လွယ်အိတ်ကိုအောက်ပြန်ချကာ ခဲတံကိုလက်နဲ့ကိုင်ပြီး စာရွက်ပေါ်လှုပ်ရှားပေးလိုက်သည်။
သူ့အတွက်ပုံဆွဲတာဟာအလွယ်လေးဖြစ်သလို အလွတ်ရနေပြီဖြစ်တဲ့ အလှလေးရဲ့ပုံတူဟာ ခဏလေးနဲ့လက်စသတ်သွားလေသည်။ကိုယ်ဆွဲထားတဲ့ပုံကို ကိုယ်ကြည့်ကာ သဘောတကျပြုံးမိသည်။
"Hyung ကသိပ်လှတယ်"
ခပ်တိုးတိုးရေရွတ်သံဟာ သူမှအခြားသူကြားနိုင်မယ်မထင်။Hyung ကပြုံးနေရင်သိပ်လှပါသည်။ Hyung စိတ်ဆိုးနေတဲ့အချိန်တွေဆို သူ့ကိုပိုပြီးရင်ခုန်စေသည်။ Hyung ရဲ့နှုတ်ခမ်းဖူးဖူးလေးကိုသာ နမ်းခွင့်ရမယ်ဆိုရင်။
"ရူးနေတာလား တစ်ယောက်ထဲပြုံးနေတာ"
ပတ်ခ်ဂျီမင်ကြောင့် ဂျွန်ဂျောင်ကုရဲ့အပြုံးတွေဟာချက်ချင်းပျောက်ကွယ်သွားတော့သည်။
"Jin Hyung ကိုမနှောက်ယှက်နဲ့"
"........."
"Jin Hyung မှာပိုင်ရှင်ရှိပြီးသား"
"အဲ့တော့ အခုမင်းကဘယ်လိုဖြစ်စေချင်တာလဲ"
ဂျီမင်က ဂျောင်ကုဆွဲထားတဲ့ ဆော့ဂျင်ရဲ့ပုံတူကိုမျက်စပစ်ပြရင်းပြောသည်။
"အဲ့လိုမျိုးတွေမလုပ်နဲ့ Jin Hyung မကြိုက်ဘူး"
"အဟက် မကြိုက်ဘူးဆိုလည်း သူကိုယ်တိုင်လာပြောပေါ့ မင်းကဘာလဲ Hyung ကိုကြိုက်နေတာလား"
"မင်း!"
"ဒါမှမဟုတ် ငါ့ကိုကြိုက်နေတာများလား"
"သေလိုက် သောက်ရူးလိုကောင်"
"ဟားဟားဟား"
ဂျောင်ကုအပြောကြောင့် ဂျီမင်မျက်နှာရဲသွားကာ ဂျောင်ကုနားကနေ ထွက်သွားလေတော့သည်။ဒါကိုသဘောကျစွာရယ်မောနေတဲ့ဂျောင်ကုသည်ကလေးတစ်ယောက်သဖွယ်ချစ်ဖို့ကောင်းနေတော့သည်။