"အာ့!!'
တကိုယ်လုံးလှုပ်မရအောင် နာကျင်နေပြီး မျက်လုံးတွေကို ခပ်ဖြေးဖြေးဖွင့်ကြည့်မိတော့ မျက်နှာကျက်ကိုမြင်ရသည်။သူမသေသေးဘူးဆိုတဲ့အသိနဲ့အတူ ဒီနေရာကနေ နောက်တကြိမ်ထွက်ပြေးဖို့ကသာ သူအားသန်နေခဲ့သည်။
"အားးး!!"
ကုတင်ပေါ်ကဆင်းဆင်းချင်း အထိမခံနိုင်တဲ့ခြေကျင်းဝတ်ကြောင့် ခွေကနဲလဲကျသွားပြီးတဲ့နောက် ခြေထောက်ကိုကြည့်မိတော့ ခြေထောက်မှာသံကြိုးခတ်ထားတာတွေ့လိုက်ရသည်။
"ဇွဲကတော့မလျှော့ဘူးနော် ဒီတခါထွက်ပြေးလို့လွတ်ရင် လွှတ်ပေးမယ်"
"အောက်တန်းစားကောင် ငါ့ကိုလွှတ်ပေး!!!"
စီးကရက်ကိုဖွာရင်း သူ့နားလျှောက်လာတဲ့ဂျောင်ကုဟာ သူ့ရှေ့ထိုင်ချလာပြီး သူ့မေးရိုးတွေကိုမညှာမတာ ဆုပ်ကိုင်လာခဲ့သည်။
"ခင်ဗျားကတော်တော်မာယာများတာဘဲ ကင်မ်ဆော့ဂျင် လွတ်မယ်ထင်လို့ပြေးတာ တော်သေးတာပေါ့ ခွေးစာဖြစ်မသွားလို့"
"ငါ့ကိုသတ်လိုက်!!"
ပါးပေါ်စီးကျလာတဲ့မျက်ရည်တွေကို ဂျောင်ကုကလက်နဲ့ဖွဖွသုတ်ပေးရင်း ခြေထောက်မှာသော့ခတ်ထားတဲ့သံကြိုးကိုတချက်ကြည့်သည်။
"လွတ်နိုင်မယ်ထင်ရင်ပြေးကြည့်လေ ဒီတခါဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကိုမသေ သေအောင်နမ်းသတ်ပစ်မယ်"
"ငါ့ရဲ့ပျော်ရွှင်မှုက ကင်မ်ထယ်ယောင်းတစ်ယောက်ထဲဘဲရှိတယ်ဂျောင်ကု မင်းသတ်လည်းငါသေရဲတယ်"
"အဲ့ကောင်ကိုသတ်ပြီး ခင်ဗျားကိုတသတ်လုံးကျုပ်ကခုလိုချုပ်နှောင်ထားတော့မှာ"
အတ္တတွေဖုံးနေတဲ့ဂျောင်ကုကိုသူကျောခိုင်းပစ်လိုက်သည်။
ဖိန်းတိန်းရှိန်းတိန်းဖြစ်လာတဲ့မျက်နှာကြောင့် သူဖျားနေပြီဆိုတာသိလိုက်သည်။ဆက်ပြောနေလည်းပြေလည်ဖို့ရာလမ်းမမြင်တာကြောင့် ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သာ လှဲချပစ်လိုက်သည်။
ပါးပြင်ပေါ်မျက်ရည်ပူတွေစီးကျလာတာကိုမသုတ်မိသလို ဂျောင်ကုသူ့နားမှာရှိသေးလား ထွက်သွားပြီလားလည်းသူမသိတော့။
ဒီအနေအထားကြောင့် သူမလွတ်မြောက်နိုင်တော့ဘူးဆိုတဲ့အသိကခေါင်းထဲဝင်လာတော့ ပိုငိုချင်လာသည်။သူမျှော်လင့်နေတဲ့ ထယ်ကရော။ဂျောင်ကုပြောသလို ထယ်ဟာ သူ့ကိုလေးလေးနက်နက်မချစ်ခဲ့လို့ လာမကယ်တာများလား။မဟုတ်ဘူး။ထယ်ကသူ့ကိုသိပ်ချစ်တာ။သူဘယ်ရောက်နေမှန်းမသိလို့ ထယ်လာမရှာခဲ့တာဖြစ်မယ်။ဒါပေမယ့်ထယ်သာ သူ့ကိုတကယ်ချစ်ရင် သူရှိနေတဲ့နေရာကို မရောက်ရောက်အောင် လာရမှာမလား။
စိတ်တွေမတည်မငြိမ်ဖြစ်လာသလို ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတော့။သူချစ်တဲ့ထယ့်အပေါ်ကိုလည်းအဆိုးမြင်လိုက်အကောင်းမြင်လိုက်။တချိန်ကထယ်နဲ့ထိတွေ့ခဲ့တာတွေ။ရယ်ရယ်မောမောစကားသံတွေရယ် နားထဲပြန်ကြားယောင်မိတော့ ခန္ဓာကိုယ်ကို ပိုကွေးမိသွားကာ ရှိုက်သံထွက်သည်အထိငိုယိုမိသည်။တဆက်တည်းသူ့ကိုအတင်းအဓမ္မပြုမူခဲ့သည့်ဂျောင်ကုကိုမြင်မိတော့ ခန္ဓာကိုယ်တခုလုံးတုန်တက်ကာ ကြောက်စိတ်တွေကဝင်လာတော့သည်။ရောထွေးနေတဲ့ ပျော်ရွှင်မှုတွေ နာကျင်မှုတွေကြောင့် မကောင်းဆိုးဝါးတကောင်ရဲ့ ခြောက်လန့်ခြင်းကိုခံနေရတဲ့လူတစ်ယောက်လို နှုတ်ခမ်းတွေရော လက်တွေရော တုန်တက်လာကာ မျက်လုံးတွေကပါ ဂနာမငြိမ်တော့။နားနှစ်ဖက်ကိုလက်နဲ့ပိတ်ရင်း အော်ဟစ်ငိုယိုနေသည့် ဆော့ဂျင်ဟာ အသိစိတ်တွေလွတ်ထွက်သွားခဲ့တော့သည်။