အပိုင်း(၄)

200 9 0
                                    

အတန်းချိန်များက မနက်ပိုင်း လေးချိန် ညနေပိုင်းသုံးချိန် ဟူ၍ ခုနှစ်ချိန်ရှိရာ  Mon to Wed မှာ မနက်ပိုင်းနောက်ဆုံးအချိန်မှာ Tuto အချိန်ဖြစ်လေသည် ...
Thu to Fri ကတော့ လက်တွေ့အချိန်ဖြစ်လေသည် ...
တစ်နေ့ အင်္ဂါနေ့ Tuto အချိန်၌ ဆရာမရောက်လာသေး၍ စာတွေနွေးနေတဲ့အချိန် အသံ တစ်ခု ထွက်လာသည် သူမမျှော်လင့်နေသောအသံ.....
"ဒီနေ့ နင်တို့စာမေးပွဲမရှိဘူး ဆရာ တို့အရေးကြီးကိစ္စအပြင်ရောက်နေတယ် နင်တို့အခန်းကို ဒီနေ့ငါစောင့်မယ် ညိမ်ညိမ်လေးထိုင်နေကြ "
"ဟုတ်ကဲ့ပါ"
ထိုစဉ်မာဝေက
"မစံပယ် ကြည့်ကြည့် ဆရာမ မျက်မှန်လုပ်လာတယ် "
သူမကြည့်လိုက်သည် မျက်မှန်ကလေးထောင့်မှာမှ ကိုင်းလေးတွေက သေးနေသည်....
"ချစ်စရာလေနော် ဆရာမက "
ရွှေသွေးဝင်ပြောလိုက်ခြင်းဖြစ်သည်...
"အင်း ဟုတယ် မာဝေ မျက်မှန် ဘယ်လောက်လည်းလို့ သွားမေးရအောင်"
"ဟာ မမ သမီးကြောက်တယ် "
"လာပါသွားမေးရအောင်"
သူမ မာဝေကို အတင်းပါအောင် ဆွဲခေါ်သွားသည် ...
သူ့ရှေ့ရောက်သောအခါ ....သူမကျောင်းစာရင်းတွေတွက်နေရာက ခေါင်းမော့လာသည် ...
"ဘာပြောမလို့လည်း ကလေးတို့ "
သူမ မှင်သက်စွာ ကြည့်နေမိသည် ...
ထိုစဉ်မာဝေက
"ဆရာမ သမီးတို့ မျက်မှန် ဟီးဟီး မျက်မှန် ဘယ်မှာလုပ်တာလည်းမေးမလို့ "
"အော် အဲ့တာလား ဆေးရုံ ရှေ့က တိုက်တန်းမှာဘဲလုပ်တာ ရှင်းသန့် မှာလေ"
"ဟုတ်ဆရာမ "
ပြောပြီး မာဝေက ဆွဲခေါ်လာသည.် ...
သူ့ရဲ့ အပြုံးတွေသိပ်လှသည် ဝိုင်းစက်နေတဲ့ အဲ့ဒီမျက်လုံးပေါ်က ကော့ရွှန်းနေတဲ့ မျက်တောင်တွေ စင်းနေအောင်လှတဲ့ သူ့ နှာခေါင်း သူမနေရောက်ရောက်တော့
"မာဝေ ညနေကျောင်းဆင်းရင်လေ ငါ့ကို သူ့နာမည်လေးမေးပေးပါလား "
"ဟာ မမကလည်း သမီးကြောက်တယ်"
"ငါလိုက်ကူမယ်လေ မင်းမေးလိုက်"
"သေခြာတယ်နော် မမ"
"အင်း"
ညနေပိုင်းကျောင်းဆင်းတော့ နာမည်သွားမေးတာကို မာဝေကို သူမ မလိုက်ကူပါ သူမ ကလိမ်ကကျစ်ကျလိုက်သည်
"ငါ့အကို လာကြိုနေပြီမို့ မလိုက်တော့ဘူးနော် "
ဟုအော်ကာ ထွက်ပြေးသွားသည်
"ဟာ မမကြီးက"
သူမ မြင်လိုက်ပါသည် ရုံးခန်းအပေါက်ဝမှာ မတ်တပ်ရပ်၍ ကလေးတွေကျောင်းဆင်းတာကို ကြည့်နေသည်
သူမ မလှည့်ကြည့်တော
"လုပ်ထား မာဝေရေ မနက်ဖြန်မှ တွေ့မယ်"
ဟုသာ ရေရွတ်မိသည် ...
အိမ်ပြန်ရောက်တော့
"ရေချိုး ပြီးရင်ဆင်းခဲ့အူးနော်သမီး အဆောင်ကိစ္စပြောရအောင်"
"ဟုတ်မေမေ"
ညရောက်သောအခါ သူမ စာလုပ်နေစဉ်ခေါင်းထည် ထိုဆရာမလေး၏ အပြုံးတွေပေါ်ပေါ် လာသည် ...
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကလေးတစ်ယောက်က ထိုအရာတွေမတွေးသင့်ပါလို့ သူမစဉ်းစားမိသည.် ..
သို့သော်သူမ ....
သူမ မနက်ဖြန်သို့ အင်မတန်ရောက်ခြင်နေပြီ နာမည်သိရမည်မဟုတ်လား စဉ်းစားရင်းပင် ရင်ခုန်လွန်းရပါသည် ဆရာမရယ်....💓
ခုလို အမှားတွေပါတာ လိုအပ်ချက်တွေပါတာတောင် ဖတ်ရှု့ပေးကြတဲ့တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ❤️

သူမချစ်သောလေဒီ(Ongoing)    (unicode&zawgyi)Where stories live. Discover now