အပိုင်း(၂၂)

199 6 0
                                    

တအောင့်ကြာတော့ သူ့ရဲ့ကျောပြင်တွေပါ မရဲ့ မျက်ရည်တွေနဲ့စိုရွဒကုန်သည်။

"တော်တော့ မ မငိုပါနဲ့တော့ ကျောင်းမှာကြီး လာပါအူး နောက်ဆုံးတစ်ခေါက်လေး ဖတ်အူးမယ် နောက်ဆို ဒီလူသား သိပ်ချစ်ရတဲ့အပိုင်လေးက တစ်ခြားတစ်ယောက်ရဲ့အပိုင်ဖြစ်တော့မှာမို့ မဖတ်ရတော့ဘူး ခုကစပြီး ဆရာတပည့် ဆက်ဆံရေးနဲ့သွားကြရတော့မယ် "

‌ပြောပြောဆိုဆို နဲ့ ဖတ်ပြီးနှစ်သိမ့်လိုက်လေသည်။ 

"မျက်နှာသွားသစ်နော့နော်  ငိုထားတာတွေ သိကုန်တော့မယ် သူများတွေ "

"သစ်သျှူး မပါဘူးလား  သစ်သျှူးနဲ့ဘဲ သုတ်မှာ မိတ်ကပ်တေပျက်ကုန်မှာစိုးလို့ "

"ဟားဟား ငါ့ရဲ့ ဆရာမက ငိုနေတာတောင် အလှပျက်မှာတော့ကြောက်သား "

ပြောပြောဆိုဆိုနဲ့ သစ်သျှူး ထုတ်ကမ်းပေးလိုက်လေသည်။

"မစနဲ့နော် ဆရာမလို့ မခေါ်နဲ့ အရင်လို မမလို့ဘဲခေါ်  ဆရာမဆိုတာ သူများတွေအတွက် ဘဲ။ မောင့်အတွက်မပါဘူး "

"ဘာမောင်လည်း မမရဲ့ သက်ဆိုင်သူကြားရင်မကောင်းဘူးဗျ"

"တော်ပြီဟာ ထားလိုက်ပါတော့သူ့ကို သူ့အကြောင်းပါမလာနဲ့ မ မကြိုက်ဘူး သူ့ကို မုန်းတယ်"

"ဟုပါပြီဗျာ ခုတော့ သွားရအောင် ကျတော် ကျောင်းမတက်ခင် chem အိမ်စာလေးရှိလို့ လုပ်လိုက်အူးမယ်ဗျ "

"အင်း သွားတော့ ဒီမှာ ခန နေလိုက်အူးမယ် "

"ထပ်မငိုနဲ့နော် "

"ဟုပါပြီရှင်"

ထို့ကြောင့် မနဲ့ သူနဲ့ ပျတ်သွားပေမဲ့ စိမ်းမသွားပါ ။ ပုံမှန်လေးအတိုင်းတစ်ရက်ပြီးတစ်ရက် ဆက်ဆံလာကြလေသည်။ တစ်ရက်ရောက်တော့

"မ အိမ်က လာမကြိုသေးလို့ ဖုန်းခန ဆက်အူးမယ် အိမ်ကို "

"အေးပြောလေ ရော့ဖုန်း pw က အရင်ကဟာဘဲ "

‌ဖုန်းဆက်ဖို့လှမ်းယူပြီး ဖွင့်တော့ သူမရဲ့ အာရုံကြောတွေ ပျတ်တောက်သွားရလောက်အောင် မထင်မှတ်ထားတဲ့ wallpaper တင်ထားတဲ့ပုံ။   
အင့်ဟင်း သူ့ကို မ မချစ်ဘူးဆို သူ့ကို အိမ်ကပေးစားလို့ မလွန်ဆန်နိုင်လို့ဆို ဘာလို့ ဒီလိုပုံစံရှိနေရတာလည်း မဟုဘူး  မက ငါ့ကို မချစ်ဘူး ငါ့ကို မချစ်ဘူး

သူမချစ်သောလေဒီ(Ongoing)    (unicode&zawgyi)Where stories live. Discover now