အပိုင်း(၁၃)

86 8 0
                                    

မပြေးထွက်သွားတာကိုကြည့်ရင်း သဘောကျစွာ ရယ် လိုက်မိပါသည် ...
ပြီးတော့ သူမပါ လိုက်ပြီး ‌ပြေးလိုက်လာခဲ့သည့် ...
"ရုံးခန်းထည်းမှာငြိမ်ငြိမ်နေ ထမင်းစားမယ်"
"ဟုတ်မ "
" ညနေအားလား"
"အားတယ်လို့လည်းပြောလို့မရဘူး မအားဘူးလို့လည်းပြောလို့မရဘူး စာကျက်ခန်းက ၇နာရီမှ ဝင်ရမှာ ဆိုတော့ အိမ်ကနေ ၅ခွဲလောက်မှသွား မှာ အဆောင်ကို "
"မ ၄နာရီ၁၅မိနစ်လောက် ရုံးဆင်းမှာဆိုတော့ လာခေါ်မယ်အဲ့ချိန် ပြင်ထား "
"ဘယ်သွားမှာလည်း"
"မသိသေးဘူး "
"ဗျာ မဘဲ လာခေါ်မယ်ဆို "
"ပြင်ထားဆိုပြင်ထား"
"ဟုတ်မ"
မ၏တစ်ချက်လွတ်အမိန့်ကို သူမ အတွန့်မတက်ရဲ မလွန်ဆန်ရဲ မ ကို သူမ သိပ်ချစ်သည် ...
ချစ်တာထက်ကို လေးလည်းလေးစားသည် ...
မသည် သူမ၏ မြတ်နိုးရာ မကို ဘာနဲ့မှ အစားမထိုးနိုင် ...
‌ညနေ ကျောင်းဆင်းတော့
"see you one hours"
"Ok love you "
ဟု မ နားကပ်ကာ တိုးတိုးလေးပြောခဲ့လေသည်....
သူမရေချိုးနေတုန်း
"မီးငယ် ဆရာမလာတယ်"
အိမ်ကများက သူမlgbt ဆိုတာမသိသေး Lgbt ထောက်ခံသူဟုသာသိထားသောကြောင့် တွဲနေတာကို မသိ ထို့‌ကြောင့် ဆရာမ လာတယ်ဟုသာ ‌ပြောလေသည်....
"ဟုတ် မေမေ အိမ်ထည်းခေါ်ပေးအူး သမီးရေချိုးလို့မပြီးသေးဘူးလို့‌ပြောပေးအူး"
"အေအေ"
"ထိုင်အူးနော်ဆရာမ သူရေချိုးနေလို့"
မနဲ့ မေမေ ဘာ‌ပြောနေကြတယ်မသိ ရယ်သံလေးတွေကိုတော့ကြားရသည် ...
"ပြီးပြီ "
"အန်တီ သူ့ကို အပြင်မုန့်စားခေါ်သွားအူးမယ်နော်"
"အေအေ စောစောပြန်လာခဲ့နော့ သူစာကျက်ရအူးမှာ "
"ဟုတ်အန်တီ"
"ဘယ်သွားမှာလည်း မ"
"ရေခဲမုန့်သွားစားမယ် "
"ပြီးရင်ကော ...."
"လယ်ကွင်းတေဘက် ဆိုင်ကယ် စီးရအောင် "
"အိုကေ မြတ်နိုးရပါသော ဘုရင်မတစ်ပါးရဲ့ အမိန့်အတိုင်းပါဗျာ"
"ပိုပြီ"
ရေခဲ့မုန့်ကို စားပြီးလယ်ကွင်းတွေဘက်ဆိုင်ကယ်မောင်းချိန် လူတွေကရှင်းပြီးတိတ်ဆိတ်ကာ အေးချမ်းနေလေသည် ...
ထို့‌ကြောင့်ဆိုင်ကယ်ကို ရပ်ကာ ...
"မ အေးချမ်းလိုက်တာနော် "
"အင်းဟုတ်တယ်နော်"
"အာ့ မရဲ့ အလှ တရား‌ကြောင့်လေ "
"ဘားမှလည်းမဆိုင်ဘူး"
"ဟုတ်တယ် မရဲ့အလှနဲ့ သဘာဝတရားရဲ့အလှနဲ့ပြိုင်တာ ဒိုင်လူကြီးဖြစ်တဲ့ကျွန်တော်က မရဲ့အလှတရားကို အနိုင်ပေးလိုက်တာလေ အာ့ကြောင့် သဘာဝတရားကြီးရဲ့အလှကကျော့်ရဲ့စိတ်ကို အေးချမ်းစေပြီးတော့ မရဲ့အလှတရားက ကျော့်ရင်ကို တလှပ်လှပ်နဲ့ လုပ်ခပ်စေတယ်"
"မ မင်းလိုတော့ စကားတွေမတတ်ဘူး ဒါပေမဲ့ မင်းကို ချစ်တယ် "
ပြောပြောဆိုဆိုပင် မက သူရဲ့ နုတ်ခမ်းလေးနဲ့ ကျမရဲ့နုတ်ခမ်းလေးကိုစုတ်လာလေသည်..
ထိုအထိအတွေ့က မရဲ့နုတ်ခမ်းသားတွေက အိစက်ချိုမိန်ပြီးညနေခင်းရဲ့ နေရောင်ခြည်နွေးနွေးနဲ့ ‌လယ်ကွင်းပြင်ကတိုက်ခတ်လာသော လေအေးနုနု....
လေတစ်ချက်ဝေ့တိုင်း လုပ်ခတ်သွားတဲ့မရဲ့ဆံနွယ်လေးတွေကို ပွတ်သတ်ရင်း ရပ်တန့်၍မရတဲ့ အနမ်းချိုချို လေးတွေ
စပါး‌နှံလေးတွေ လေယူရာသိမ်းနေတဲ့အချိန် ချစ်သူနှစ်ယောက်ရဲ့ ရင်ခုန်သံတေနဲ့ပြိုင် ငှက်ဖို ငှက်မတို့ရဲ့ အိမ်ပြန်ချိန်ခရီး....

သူမချစ်သောလေဒီ(Ongoing)    (unicode&zawgyi)Where stories live. Discover now