အပိုင်း(၂၁)

118 4 0
                                    

လိုင်းပေါ်က ဆင်းလာပြီး မကို ဖုန်းဆက်ရမလား မဆက်ရဘူးလား စဉ်းစားနေမိသည် ။

ဆက်ရမလား? မဆက်ရဘူးလား?

ဆက်တိုက်ဆက်တိုက်စဉ်းစားနေလေသည် ။နောက်ဆုံးတော့ သူမ ဆုံးဖျတ်လိုက်သည် ။

ဒူး းးး ဒူးးးးး ဒူးးးး
ဝင်သွားလေသည် ။တစ်ဖက်ကပြန်ထူးသံပေါ်လာသည်။

"ဟဲလို "

"ဟုတ်မ ဟိုလေ ကိုထက်မြတ်က လာမေးတယ် မနဲ့ ဘယ်လိုပတ်သတ်လည်းတဲ့ "

"အဆင်ပြေသလိုကြည့်ဖြေလိုက်လေ မက အမှန်တိုင်းပြောပြထားတယ် "

"ဪ မအသံကတည်ငြိမ်လှချည်လား ကျတော်ကို ပြောဖို့စကားလေး မရှိဘူးလား "

"မင်းနဲ့ပြောစရာဘားမှ မရှိဘူးလေ "

"ဪ  မင်းတဲ့လား "

"မင်းလို့ မပြောရင် ငါက ဘယ်လိုသုံးရမှာလည်း စံပယ်လို့ခေါ်ရမှာလား ဟုတာပေါ့စံပယ်ပေါ့ ခုချိန်ကစပြီး ငါနဲ့မင်းနဲ့က ဆရာမနဲ့ တပည့်ဆက်ဆံရေးတွေ ပြန်ဖြစ်သွားပြီမို့  မင်းဘက်က ငါ့ကိုလေးလေးစားစားဆက်ဆံပါ စံပယ်"

"ဘယ်တုန်းကများ မလေးစားခဲ့လို့လည်း မရယ် "

"မ လို့ မခေါ်ပါနဲ့ တစ်ခြားသူတွေလို ဆရာမ လို့ခေါ်ပါ "

"ဟုတ်ကဲ့ပါဗျာ "

"နှစ်ဝက်ဖြေတော့မယ် စာကျက်တော့ ဒီလောက်ဘဲ လိုင်းမသုံးနဲ့တော့ ဟိုတွေးဒီတွေးမတွေးနေနဲ့ စံပယ်"

"ဟက် အဲ့လိုမှာနိုင်သေးတယ်နော် ဒေါ်ဆုလာဘ်"

တူးး တူးး တူးး
ဪ အဲ့လို ပြောလို့ ကျတော်တို့ ချစ်ခဲ့တာတေွကို ပြန်ရုတ်သိမ်းလို့ရကြေးလားဗျာ မရယ် ရက်စက်လိုက်တာဗျာ ....
သူမတညလုံးမအိပ်နိုင် မရဲ့ ပုံလေးကိုကြည့်ရင်း တညလုံးငိုနေမိသည်။
ဖုန်းချသွားလေတော့ သည် ။

မိုးလင်းတော့ ရေချိုးကာ ကျောင်းသွားဖို့ပြင်ရသည် ။ စကားမပြောရရင်တောင် ဒီတိုင်းလေး သွားငေးရမည် ။

"သမီး ခုတလော နင်တို့ဆရာမလည်းမလာပါလား "

"အင်းဟုတ်တယ် သူမအားလို့ မေမေ"

သူမချစ်သောလေဒီ(Ongoing)    (unicode&zawgyi)Where stories live. Discover now