အပိုင်း(၂၃)

182 5 2
                                    

unicode

ဒီနေ့မြန်မာစာ စဖြေလေသည်
အခန်းထည်းသို့ လူစစ်ရန် မ ဝင်လာလေသည် မ အရမ်းလှတာဘဲဗျာ ခရမ်းရောင်ဝမ်းဆက်လေးနဲ့ စာမေးပွဲဖြေနေရာမှ ခိုးကြည့်မိလိုက်သည် မ ဆွဲကြိုးလေးနောက်ပြန်ဖြစ်နေသည် သူနှင့်ဆင်တူဝတ်ထားသော ဆွဲကြိုးလေးဖြစ်သည် ။ ဆွဲကြိုးလေးနောက်ပြန်ဖြစ်နေပြီဟု ပြောရန် ဟန်ပြင်လိုက်စဉ် အိရွှေစင် က အရင်
"ဆရာမ ဆွဲကြိုးကနောက်ပြန် ဖြစ်နေပြီ သမီးလုပ်ပေးမယ်"
ဟုပြောကာ သူ မရဲ့လည်တိုင်ထက်က ဆွဲကြိုးလေးကို လှဲ့ပေးလိုက်သည် ။
စိတ်ထည်းကနေ ကြိတ်ကာ သဝန်တိုပြီးဆဲမိလိုက်သည် ။
မသာမ အဲ့ဟာ ငါနဲ့အတူ couple ဝတ်ထားတာ မထိနဲ့
ဟု ပြောဆိုမိနေလေသည် ။ မ မကိုလေ ကျတော်ကလွဲရင် ဘယ်သူက မှ ထိကိုင်တာမျိုး မကြိုက်ဘူးရယ် .....စာမေးပွဲဖြေနေတယ် အာရုံစိုက်စမ်း မိစံပယ် ဟု ကို့ကို ကို ပြန်ပြောနေမိသည် ။ သို့သော် ..........
ကလင် ကလင် ကလင်
12:00pm
အချိန်စေ့ပြီ ကလေး တို့ အခန်းစောင့်ဆရာမက ပြောပြောဆိုဆို စာမေးပွဲအဖြေလွှ‌ာတွေကို ကောက်သိမ်းလေသည် ။

"ရပြီ ထွက်လို့ရပြီ ဘောပင်တွေ ပေတံတွေ ခဲတံ တွေ ကျန်မယ်နော် ကို့ဟာကို သေချာစစ်။ ပြတင်းပေါက်နားမှာနေတဲ့သူတွေ ပြ‌တင်းပေါက်ကို သေခြာပိတ်သွား "

"ဟုတ်ကဲ့ပါဆရာမ "
အားလုံး တစ်ညီတစ်ညွှတ်ထည်းပြောပြီး စကားတွေ စပြောကြပြီ
နင်ဒါရလား  ဖြေနိုင်လိုက်လား အေး ငါပြောသားဘဲ ဒါပါမှာလို့  အားလုံးသူငယ်ချင်းတွေနဲ့ပြောနေချိန် ကျွန်တော် တိတ်တိတ်လေး ထွက်လာခဲ့သည် ။ ရုံးခန်းရှေ့အဖျတ် အနောက်က နေပုခုံးလေးကို ပုတ်ကာ

ဟေ့ ဖြေနိုင်လား ဘယ်လိုနေလည်း အကုန်ဖြေခဲ့လား ရတယ်မလား

စိုးရိမ်စိတ်လေးတွေနဲ့ လာမေးရှာသည်မှာ တခြားသူမဟုတ်ပေ မ ဖြစ်နေသည် ။

အင်း ရတယ် အဆင်ပြေပါတယ် မဆိုးဘူး ပြောရမလား ဒါနဲ့နေပါအူး အဲ့ဆိုကြိုးက couple ဝတ်ထားတာကို သူများကို ပေးထိစရာလား

ဟာ သူများလုပ်ပေးတာလေ မလုပ်ပေးနဲ့လို့ပြောလို့မကောင်းဘူးလေ

မရဘူးဟာ မထိခိုင်းနဲ့တခြားသူကို မကြိုက်ဘူး

ဟုတ်ပါပြီနောက်ဆို မထိခိုင်းဘူးဟုတ်ပြီလား လာ လာ အိမ်လိုက်ပို့ပေးမယ် နော် လိမ်မာတယ် စိတ်မကောက်နဲ့

သူမချစ်သောလေဒီ(Ongoing)    (unicode&zawgyi)Where stories live. Discover now