အပိုင်း (၉)

366 22 1
                                    

(၉)

"နာလား!"

အရက်ပြန်၏ စပ်ရှမှုကြောင့် ရှုံ့မဲ့သွားတဲ့ ဖူးယောင်ယောင် မျက်နှာဖွေးဖွေးလေးကို ဖြိုး ကြည့််နေရင်း မျက်ရည်ကဝဲလာပြန်သည်။ဘာလို့များ ဒီဒဏ်ရာတွေခဏတိုင်း ဖြစ်နေတာလဲ။မနက်ခင်းခေါ်ပြီး ပြန်လာတာတောင် လတ်လတ်ဆတ်ဆတ် ဒဏ်ရာက ပါလာသေးတယ်။

"ညည်း အမြဲဒီလို ငြိမ်ခံနေတာလား၊ဟုတ်လား၊ပြန်လုပ်ဖို့ရော စိတ်မကူးဘူး လား"

သူ့အတွက် မချင့်မရဲဖြစ်နေလဲ ကာယကံရှင်က တုံဏှိဘာဝေ။ဘယ်လိုပေကပ်ကပ် ကလေးမမှန်းမသိ။ပေချက်က ဖြိုးအနာကို ဆေးထည့်ပေးနေလဲ မဲ့ရုံကလွဲလို့ အသံတချက်မထွက်။လက်သီးဆုပ်ပြီးသာ ငြိမ်ခံသည်။

"ကျွှတ် ကျွှတ်!ညည်းနှယ်အေ ခန္တီပါရမီကြီးက ကြောက်ခမန်းလိလိပဲ၊ ငါတို့နဲ့စတွေ့တုန်းကကျ ခံပက်လို့ချည်း ဘာကွာတာလဲ"

"အန်တီတို့က နှစ်ကြီးတွေလေ ပြန်ဖိုက်မှဖြစ်မှာ ၊ အထဲမှာနှစ်ချီပြီးနေရမှာကိုသတိမထားလို့ဖြစ်မလား၊ခုက နက်ဖြန်သဘက်ထွက်ရမှာလေ ၊ အမှားယွင်းရှိလို့ ဘယ်ရမလဲ"

"အေး ညည်းဒီပုံစံအတိုင်းဆို ရေတောင်ထောင်းသောက်ရမဲ့ အနေထားမှာရှိတယ်"

ဖြိုး ဆေးထည့်ခြင်းကို လက်စသတ်ပြီး ဆန်ပြုတ်အိုးတည်လိုက်သည်။ပြီးရင်က ကုမ္ပဏီ သွားဖို့ရှိသေးသည်။ကလေးမ ပြန်လွတ်လာပြီမို့ နောက်ပိုင်း သူလုပ်ဖို့ကိုင်ဖို့ လုပ်ငန်းတချို့ ကြိုစီစဥ်ရမည်ဖြစ်သည်။

"ဆန်ပြုတ်ကျက်ရင် ဆေးနဲ့သောက်၊နားနားနေနေလေးလဲနေဦး Nice လည်းရှိတယ်၊တခုခုဆို သူ့ပြော"

sofa ပေါ်ပက်လက်လှဲအိပ်နေသူကို သတိပေးပြီး Nice ကို အိမ်ဘက်ကူးလာဖို့ ဖုန်းဆက်ရသည်။တလက်စထဲ ကလေးမအတွက် တကိုယ်ရည်သုံးပစ္စည်း list လုပ်ရသည်။

"ဆိုင်ကယ်ရှိလား အန်တီ"

ညိမ်း ဆီက ကိုယ်တိုင်းယူနေတုန်း မေးတာမို့ အန်တီဖြိုး လက်တွေ့တန့်သွားသည်။

"မရှိဘူးလေ ၊ ဘာလို့လဲ"

"လိုချင်လို့"

အန်တီဖြိုး ဘာမှ ဆက်ပြောမလာတော့။ထိုအစား နားကိုသာဆွဲပြီး...

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Where stories live. Discover now