အပိုင်း (၂၄)

329 19 2
                                    

(၂၄)

"သူ ဒီနေ့လာရင် ငါမေးခိုင်းတာ မေးကြည့်စမ်း ကလေးမ"

မီးပူတိုက်ပြီးသား ညိမ်း အဝတ်တွေကို ဘီရိုထဲထည့်ပြီး အမွှေးရည်ဖြန်းနေတုန်း ဖြိုး တခါထပ်သတိပေးလိုက်သည်။မစိမ့် ပြန်ပို့ပေးတာကို မကျေနပ်လို့ ညိမ်းကို တရားပြန်စွဲသည်တဲ့။စိတ်ရောဂါဆရာဝန်နဲ့ မိတ်ဆက်ပေးဖို့ လိုအပ်မလားလို့။

"သူမလာဘူးဒီနေ့ ရုံးချိန်းရှိတယ်တဲ့"

"တနင်္ဂနွေနေ့လေ ရူးပေါနေမှပဲ"

"မသိဘူး"

ဖြေလက်စ ပတ်တီးက ရှုတ်သွားသဖြင့် ကတ်ကြေးနဲ့ တစစီဖြစ်အောင်ညှပ်ပစ်လိုက်သည်။အနက်ရောင် shortpant ပေါ်ဖွားကနဲနေအောင် လွင့်ကျလာတဲ့ ချည်မျှဥ်စတွေဟာ ညိမ်း စိတ်များဖြစ်နေ ဘယ်လောက်ကောင်းလိုက်မလဲ။အထုံးနှောင်မရှိပဲ လွင့်ချင်ရာလွင့်သွားတာများ လွတ်လွတ်လပ်လပ် ။

"ဟူး"

ပူလိုက်တဲ့နေ..နောက်လိုက်တဲ့စိတ်။ဘာလုပ်လုပ်အဆင်မပြေ။တကယ့်ကို နေလို့ မကောင်းတဲ့ ရက်တရက်။တိုက်ဆိုင်စွာပဲ ကြက်ခြေခတ်ထားတဲ့ ဒီရက်ကပြသဒါး။

"ကိုNice ရှိလား အန်တီဖြိုး၊ညိမ်းလမ်းလျှောက်ချင်လို့"

"ပူနေပြီလေ မလျှောက်နဲ့တော့၊ညနေနေအေးမှ လျှောက်"

"အခန်းထဲနေရတာ ခေါင်းကိုက်လို့"

ဖြိုး သက်ပြင်းသာ ချမိတော့သည်။သူကိုက်တာ အခန်းထဲနေရလို့မဟုတ်ပဲ ဟိုမိန်းမနဲ့ အဆက်သွယ်မရလို့ပဲ ဖြစ်နိုင်သည်။

"နေဦး ကလေးမ၊ငါမရှင်းလို့မေးပါဦးမယ် ဟိုခြံက နင့်ပေးလို့နင်ရှင်းနေတာလား"

"မပေးလဲ ဘာအရေးလဲ၊အခုစက်နဲ့မြေညှိပြီးပြီ၊မိုးကျရင် ပရဆေးပင်တွေစိုက်တော့မှာ ပျိုးပင်တွေ ဝယ်ထားပြီးပြီ"

"အေးပါ..တော်ကြာ စိတ်ဖောက်လို့ တရားစွဲမယ် ထောင်ချမယ်ဆို ငါနဲ့မဆိုင်ဘူးနော် ၊အဲ့မိန်းမက အလိုလိုမှ ရန်ရှာချင်နေတာ၊ဖြစ်လာရင်တော့ ကိုယ့်ကိစ္စကိုယ်ရှင်း၊ခုတောင် စကားများပြီး ငါ့အိမ်ပြန်ရောက်နေတာ"

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Where stories live. Discover now