(၁၈)
ကောင်းကင်ပြာပြာအောက် ထည်ဝါခန့်ငြားစွာ တည်ရှိနေပါသော ပြာလဲ့လဲ့နှစ်ထပ်အိမ်ကြီး။ကျယ်ဝန်းသော ခြံအတွင်းမှာ အလှပန်းမျိုးစုံနှင့် ထိုအိမ်ကြီးကို အပြင်ပန်းကကြည့်လျှင် တိတ်ဆိတ် ငြိမ်သက်သယောင် ထင်ရပေမဲ့ အိမ်အတွင်းပိုင်းမှာတော့ သီချင်းသံ၊ စကားပြောသံများနှင့်လှုပ်ရှားသက်ဝင်လျက် ရှိနေပေသည်။
"အချိန်မှန်ပဲလား မဖြိုး ရ၊ကျွန်တော်တော့ weight တက်တော့မှာပဲဗျ"
ဆန်းပြားစွာ ချက်ပြုတ်ထားသော ဟင်းလျာများကို ကြည့်၍ Nice မှာ လျှာတသပ်သပ်။ဟင်းပွဲတိုင်းလိုလိုမှာ အာလူး၊ဝက်ပေါင်ခြောက်၊ထောပတ်နဲ့ ဒိန်ခဲ အများဆုံးပါသည်။တချို့ပွဲဆိုဆလပ်ရွက်တောင် ပါလိုက်သေး၏။
"Frence food တွေပဲ၊ဒါ ဘယ်သူပို့လိုက်တာလဲ မဖြိုးသိလား"
ဖြိုးလည်း ထိုမေးခွန်းကို သိချင်နေသည်။ခိုးကြောင်ခိုးဝှက်နဲ့ စာတိုက်ပုံးထဲ အထုပ် လာလာထားတဲ့လူက ဘယ်သူများလဲ။တရက်မဟုတ်နှစ်ရက်မဟုတ်ဆိုတော့ ဖြိုး စဥ်းစားလာရပြီ။
လောလောဆယ် အန္တရာယ်မရှိဘူး ထင်ရပေမဲ့ အချိန်ကြာလာလေလေ ကူညီသလိုလိုနဲ့ အကွက်ချ အကောက်ကြံလာနိုင်သည်။ကြိုတင်သတိထားမှ တော်ကာကြလိမ့်မည်။ဖြိုးကိုယ်တိုင်ကြုံလာခဲ့ပြီးပြီမို့ စိတ်လေးမိသည်။ ကိုယ်ဘယ်လောက် မှန်အောင်နေပါစေ မနာလိုသူတွေကြောင့် ဒုက္ခရောက်တတ်တယ်မလား။
"ဒီနေ့ ခြံဝန်းတခုလုံး cctv တပ်ဖို့လုပ် Nice"
"ဘာလုပ်ဖို့တုန်း၊စောင့်ဖမ်းချင်ရုံဆို အပေါက်ဝတခုဆို တော်ပြီပေါ့"
"နင့်လင်က အပေါက်ဝကပဲ ဝင်မှာလို့နင့် ပြောထားလို့လား..?လျှာမရှည်နဲ့ ခိုင်းတာလုပ်"
"ဟွန့်"
ဖြိုး သူ့ကိုကြည့်ရင်းသာ ခေါင်းရမ်းမိသည်။ဒီကလေးညစ်ပတ်ချက်က လက်လန်သည်။ဘယ်နှဲ့ ပန်းကန်ထဲကထောပတ်ကို လက်ညှိုးနဲ့ ကလော်စားနေရတယ်လို့။ဒါပေမဲ့လည်း ရုပ်ခံလေးရှိတော့ ချစ်ဖို့ကောင်းနေတာလေးကပျောက်မသွား။
ပါးနှစ်ဖက် ပိတ်ဖျစ်လိုက်ရင်တော့လား...အင်း၊မကောင်းသေးပါဘူးလေ။
YOU ARE READING
"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]
Romance'အစိမ်းရောင်တွေ ပြယ်လွင့်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ ပါးကျဲကျဲ အရောင်တမျိုးဟာ သိပ်ကိုနှစ်လိုဖွယ် ကောင်းမယ်ထင်ပါရဲ့' {GL..2nd creation }