အပိုင်း (၁၀)

395 26 2
                                    

(၁၀)

မိုးဖွဲဖွဲကျနေတဲ့ ထီးအမိုးအောက်က အမျိုးသမီး တစ်ဦး၏ ခြေဖမိုးဖြူဖြူလေးဟာ သွက်လက်နေတာများ ပြေးလွှားနေသယောင်။ပေါ့ပါးလွန်းတဲ့ ခြေလှမ်းတွေနဲ့အတူ သူမ၏ စိတ်နှလုံးနှင့် မျက်ဝန်းတို့သည်လည်းပတ်ဝန်းကျင်ရှိ မြင်ကွင်းတို့နှင့်ဆန့်ကျင်စွာ လင်းလက်တောက်ပနေလေသည်။

ကြိုးစားအားထုတ်မှုကြောင့် အဆင်ပြေခဲ့လေတဲ့ အလုပ်သည် သိမ့်၏ ညစ်ညူးနေသည့် စိတ်များကို ခဏအတွင်း ဖယ်ရှားပစ်စေ၏။ထို့ကြောင့် အိမ်ပြန်သည့်လမ်းက မြူးထူးဖွယ်အတိ။သိမ့် ဒီလိုပျော်ရွှင်မှုမျိုး အပြည့်အဝ မခံစားခဲ့ဖူးတာ ကြာခဲ့ပေါ့။

"ကားငှားမလား..??"

"မလိုဘူး!"

taxi မဟုတ်ပါပဲ ဆိုက်ကားသမားက လောကွတ်ချော်၏။သူတို့အမြင် မိန်းခလေးတစ်ယောက် မိုးရေထဲ စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်နေခြင်းက စစနောက်ကြည့်ဖို့ ကောင်းနေသလား?ဒါတင်မက စောင်းချိတ်ဆိုသွားတဲ့ သီချင်းသံတွေလည်း သိမ့် ကြားလိုက်ရသေး၏။

ထိုအရာတွေ အားလုံးအတွက် သိမ့် လိုက်ခံစားမနေနိုင်။သိမ့်က ဘယ်လိုလူမျိုးလဲ။ကြိမ်းသေပေါက် ဥပက္ခာပြုမဲ့သူ။ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ဝန်းအား အာရုံစိုက်နေခြင်းသည် အချိန်ဖြုန်းသည်လို့ပဲ တွေးမိသည်။

Jeck က အသစ်စက်စက် ကားတစ်စီးနှင့်လာကြိုပေးခဲ့ပေမဲ့ သိမ့် လိုက်မသွားခဲ့။ဘာရယ်ကြောင့်မသိ ဒီနေ့ မိုးဖွဲတွေအောက် လမ်းလျှောက်ကြည့်ချင်လာသည်။တခါတရံ တကူးတက ရှာဖွေရတဲ့ ပျော်ရွှင်မှုမျိုးကို သိမ့် အလွန်နှစ်သက်ပါ၏။

ဝူး....!!!!

"ကုန်ပါပြီ"

အရှိန်မသေးလှတဲ့ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တစီးကြောင့် သိမ့် ညည်းတွားရင်း ခဲပုတ်ရောင်လုံချည်မှာ စင်သွားတဲ့ ညိုညစ်ညစ် ရေစက်အချို့ကို အနည်းငယ် ခါထုတ်ပစ်လိုက်၏။တော်သေး၏။ဆံပင်တွေ ရေလာမစင်လို့။

ဝှီး....!!!

ပွတ်ကာသီကာလေး အနားဖြတ်မောင်းသွားတဲ့ နောက်ထပ် ဆိုင်ကယ်တစ်စီးကြောင့် သိမ့် ရပ်နေဆဲနေရာမှ ဘေးဘက် တိမ်းပေးလိုက်ရပြန်သည်။ဤတကြိမ်တွက်မတော့ ဖြန့်ချထားတဲ့ ဆံနွယ်ရှည်ကြီးမှာ ရေစက်တို့ စိုရွှဲကုန်လေ၏။

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Where stories live. Discover now