အပိုင်း (၃)

537 33 2
                                    

(၃)

မနက်ခင်း၏ ရာသီဥတုကား နေရောင်ထင်းထင်းအောက် ကြည်လင်တောက်ပလို့နေ၏။ဆန့်ကျင်စွာပဲ သိမ့်၏ စိတ်တို့တော့ နောက်ကျိလွန်းလှသည်။ထိုမျှမက ရင်တွင်းအပူက နေမင်းထက်တောင် သာလွန်နေသလို ခံစားနေရသည်။

သိမ့် ထိုအရပ်သို့ သွားသင့်ပါ၏လော။

သွားခဲ့ပါသော် သိက္ခာကျဖွယ် အပြုအမူ။သူဌေးသမီး ဂုဏ်သရေကြီးသည့် ဆရာဝန်တယောက်က အကျဥ်းထောင်သို့ မုန်လာပို့သည်တဲ့။ပို့သူကလည်း အဖေကိုသတ်တဲ့အပြစ်သား။

အကယ်၍ မသွားလျှင်လည်း စိမ့်အပေါ်ကတိပျက်ရာ ကျလိမ့်မည်။ကိုယ်ထားရာမှာနေ စေရာကို သွားနေတဲ့ ကလေးမို့ သူ့ဆန္ဒလေးတော့ ဖြည့်ဆည်းပေးချင်သည်။

ငါ သွားလို့ဖြစ်ပမလား??

ဆန်းစစ်မိသည့် မနောသည် မတင်မကျ။သွားရကောင်းနိုး မသွားရကောင်းနိုးနဲ့ လူက ဝေဝါးနေသည်။

"ရောက်ပါပြီ မမကြီး"

"ဟင်"

သိမ့် အံ့သြလွန်းစွာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့််လိုက်ရသည်။

"ငါသွားမယ်ပြောမိလို့လား"

"ဟုတ်ကဲ့ မမကြီးပဲ အမိန့်ရှိခဲ့တာပါ"

သိမ့် ကိုယ့်ကိုကိုယ် နားမလည်နိုင်စွာပဲ ခေါင်းဘယ်ညာ ရမ်းပစ်လိုက်သည်။သိစိတ်က မသွားသင့်ဘူးဟုအတန်တန်ငြင်းနေခဲ့သလောက် မသိစိတ်က ကားတံခါးဖွင့်ဖို့ လက်လှမ်းနေပြီ။

"မမကြီးပဲ မမလေးကို ကတိပေးခဲ့တယ်လေ"

"ကတိ"

"ဟုတ်ကဲ့"

သိမ့်ရေ...ကတိတဲ့ ။

"အေး ဒီမှာစောင့်"

ဟိုတယောက်ကြိုက်သော ကောက်ညှင်းပေါင်း။စိမ့် ပို့ခိုင်းသည့်အထုပ်ကို ဆွဲကာဝင်ခဲ့တော့ ဝင်ပေါက်မှာစစ်ဆေးခြင်းခံရ၏။ထူးဆန်းသော အကြည့်တွေကို စိတ်ညစ်ညူးစွာ သည်းခံရင်း အချိန်တခု စောင့်လိုက်ရသည်။

"ဝင်လို့ရပါပြီရှင့်"

အစောင့်တွေက ဟိုတယောက်ကို သွားခေါ်နေတုန်း သိမ့် သတ်မှတ်ထားသည့်ထိုင်ခုံတွင် ထိုင်နေလိုက်သည်။မိနစ်ပိုင်းမျှကြာလာတော့ လူက ယားသလိုယံသလိုဖြစ်လာသည်။စိတ်ထဲ မသိုးမသန့်ခံစားချက်ကြီးက ပျို့ချင်အန်ချင်သလို။ကြက်သီးတဖြန်းဖြန်းနဲ့ လူက တမျိုးဖြစ်လာသည်။

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Opowieści tętniące życiem. Odkryj je teraz