အပိုင်း (၁၁)

349 23 1
                                    

(၁၁)

"မောနင်း"

Nice က အသံကြားသည်နှင့် မျက်လုံးများ မှေးကျဥ်းသွားပြီး ရေဖန်ခွက်ကိုင်ကာ ရေခဲသေတ္တာ ဖွင့်တော့မည့်သူကို လက်ထဲရှိ တစ်ရှူးစကို လုံးကာလှမ်းပစ်လိုက်လေ၏။

"ဒါနင်းရမဲ့အချိန်လား ၊နွန်းနေပြီ"

"ဟီး!"

၁၁ နာရီထိုးမှ အိပ်ချင်မူးတူးနဲ့ ထလာသူ ညိမ်းက စပ်ဖြီးဖြီး။သူသိပါသည်။ညက အတွေးများပြီး မိုးလင်းအားကြီးမှ အိပ်ပျော်သွားတာ။အန်တီဖြိုး အခန်းထဲလာပြီး နှုတ်ဆက်တာတောင်အိပ်မက်လိုလို ဘာလိုလိုဖြစ်သွားသေးတာ။

"အန်တီဖြိုး အလုပ်သွားပြီမလား"

"တနင်္ဂနွေဟ...အလုပ်ပိတ်လို့ သူ့အမျိုးသမီးဆီသွား propose လုပ်တယ်"

"Bravo !!"

ထအော်ပြီးလေမှ ရေနင်ကာ မျက်လုံးပြူးသွား၏။ညိမ်းပဲ နားကြားမှားလေရော့သလား။အန်တီဖြိုးက...

"ဘာကြီး!"

"မဖြိုးက propose လုပ်တာ၊သူကြိုက်နေတဲ့ အမျိုးသမီးကို"

ကျောကို ဖြည်းဖြည်းချင်း သပ်ချပ်ပေးရင်း လေးပြည်သွေးကာ Nice ပြောပြသော်လည်း တဟွတ်ဟွတ်နဲ့ ချောင်းက ဆိုးနေတုန်း။မဖြိုးက မင်းသားချောရင် အသေလဲကြိုက်တယ်။ဒါပေမဲ့ သူစိတ်ဝင်စားတာကတော့ မိန်းခလေး။မမျိုးနဲ့ ဆန့်ကျင်ဘက်။

"လိုက်နေတာကြာပြီဟ ၊ စကားမစပ်မိလို့ မပြောဖြစ်တာ၊မကြိမ်းသေတာလည်းပါတယ် ၊ခုမနက်တော့ ဘာစိတ်ကူးပေါက်လဲမသိဘူး ငါ့ကို လေးနာရီထဲက စျေးထဲသွားပြီး စံပယ်ပန်းဝယ်ခိုင်းတာ၊နင်လဲသိမှာပေါ့ ဒီအချိန်စံပယ်က တုံးနေပြီလေ၊မရတော့ ပတ်ရှာရင်း သန်လျင်ဘက်မှာ ရှိတယ်ဆိုလို့ ပြေးရသေးတယ်၊အရေးထဲ အပွင့် ၁၅၀၀ ပြည့်မပြည့်က ရေရသေးတယ်"

"ကျွတ်...ကျွတ်၊အများအကျိုးဆောင် ကိုဖိုးပြောင်လုပ်ခဲ့တာပေါ့"

sandwich ကို ပါးစပ်ထဲ ပါးလုပ်ပါးလောင်းသွင်းရင်း မှတ်ချက်ပေးတော့ ကိုNice က မချိပြုံး,ပြုံး၏။ဒါတင်မကသေး ညိမ်းအတွက် နွားနို့ခွက်တွန်းပို့ရင်း မျက်ဖြူပါလှန်ပြသည်။

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Donde viven las historias. Descúbrelo ahora