အပိုင်း (၁၅)

335 18 2
                                    

(၁၅)

Steering ကိုင်ထားတဲ့ သိမ့် လက်တွေ တဆတ်ဆတ် တုန်ယင်နေသည်အထိ ဒေါသရိပ်က ဒီဂရီမြင့်နေသည်။ညက ကိစ္စကို ဒီလောက်မြန်မြန်ကြီး ပြန့်နှံ့သွားအောင် ဒင်း တမင်လုပ်တာ။အမှောင်ထဲမှာမို့ ဘယ်သူမှမမြင်ရဘူးထင်ခဲ့တာ။ခုတော့....။

"တောက်!!!"

လေလှိုင်းက တင်ဆက်သူ အမျိုးသမီးအသံ ကြည်ကြည်ကို မနှစ်မြို့စွာပိတ်ပစ်လိုက်သည်။ဘယ့်နှဲ့ မွေးနေ့ပွဲမှာ HappyBirthday သီချင်းမဆို cake မခွဲပဲ ဧည့်သည်နှင့် ချစ်ရည်လူးနေသည့် ရွှေလင်းယုန် လုပ်ငန်းစု၏ ဆက်ခံသူတဲ့။နောက်ပြီး ဆရာဝန်မကြီးရဲ့ နောက်ကွယ်က အမှန်တရားတွေတဲ့။

ဘာတွေလဲ...

"ဆရာမကြီးလာပြီ"

ဆေးရုံဝန်းမို့ ကြိုစောင့်နေသည့် ဆရာမလေးတွေကြောင့် သိမ့် စိတ်လျှော့လိုက်ရသည်။သို့သော် ကားတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် ကားတစ်စီးကြောင့် အအေးမိတာတောင် မကိုက်တဲ့ခေါင်းကချက်ချင်းကို ထိုးကိုက်လာသည်။ဒင်းမောင်းတဲ့ ကားကိိုမှ မှတ်မိနေတာတဲ့လား။

"ဧည့်သည်ရောက်နေသလား"

"ဟုတ်ကဲ့ ဆရာမကြီး ၊ စက်ကရိယာတွေ စစ်ပြီးရင် လက်မှတ်ထိုးပေးဖို့ စောင့်နေတာပါတဲ့"

"လက်ထောက် ဆေးရုံအုပ်ရှိတယ်လေ၊သူနဲ့ပြီးလိုက်ပါ"

ပြောမဲ့သာ ပြောလိုက်တာ ဒင်းအကြောင်းသိပြီးသား။သိမ့်ကို သူမတွေ့ရမချင်း အသာတကြည်နဲ့ ပြန်မှာမဟုတ်။

"ရပြီ ဒီထိပဲလိုက်ပို့တော့၊၁၀ နာရီကျ လူနာကြည့်မယ်"

ပြေးမကြည့်လဲ ကိုယ့်အခန်းထဲ ထိုင်စောင့်နေမယ်ဆိုတာ သိပြီးသား။ထင်သည့်အတိုင်း sofaမှာ အခန့်သားနဲ့ လက်ပိုက်ပြီး ထိုင်နေတာ။

"ငါ နင်နဲ့ ပြောစရာမရှိဘူး"

"ညိမ်းမှာတော့ ရှင်နဲ့ပြောစရာ အများကြီးရှိတယ် ၊ ဒါနဲ့ ပစ္စည်းတွေစစ်ပြီးပလား"

"ရောက်ပြီလား"

"အင်းလေ ညက kiss ​က စာချုပ်ပဲကို ပစ္စည်းကရောက်ပြီပေါ့"

"အငြှိုးရယ်ပြေစေ အမုန်းလျော့စေ"[Completed]Where stories live. Discover now