အခန်း(၆)

86 13 0
                                    

“ချောက်"

ရုတ်တရတ်ကြီးမီးလင်းသွားတာကြောင့်ဇမ္ဗူ အိပ်ပျော်နေရာကနိုးသွားသည်။ထနောင်းကသူ့ကို
ကျောပေးပြီးငုတ်တုတ်ထိုင်နေသည်။

“အသက်ဘာဖြစ်လို့လဲ"

“စာရေးမလို့"

“ဟမ်"

ဇမ္ဗူ နာရီကြည့်လိုက်တော့မနက်နှစ်နာရီ။

“မိုးမလင်းသေးဘူးလေ"

“မိုးလင်းမှစာရေးရမယ်လို့သတ်မှတ်မထားဘူး။ငါစိတ်ပါလို့ရေးချင်တာ"

ပြောပြောဆိုဆိုထနောင်းအိပ်ယာပေါ်ကဆင်း
ပြီးစာရေးစားပွဲမှာထိုင်သည်။စာအုပ်နဲ့ဘောပင်
ကိုကိုင်ပြီးရေးမည့်ဟန်ပြင်ပြီးမှသူ့ကိုလှည့်ကြည့်သည်။

“မီးအလင်းရောင်နဲ့မင်းအိပ်လို့မရရင်ပိတ်ပေး
မယ်"

“ပိတ်လိုက်တော့ခင်ဗျားကမြင်ရမှာမို့လို့လား"

“မင်းအလုပ်ခန်းထဲငါသွားရေးမယ်လေ"

“ဘာလို့သွားမှာလဲ။ကျုပ်ကမီးဖွင့်ထားလည်းအိပ်တတ်တယ်။ဘယ်မှမသွားနဲ့။အဲ့နားတင်ထိုင်ရေး။ကော်ဖီဖျော်ပေးရဦးမလား"

“မလိုဘူး"

“အင်းအဲဒါဆိုရေးတော့။ကျုပ်လည်းအိပ်ပြီ"

ဇမ္ဗူ တစ်ဖက်လှည့်ပြီးအိပ်သွားတော့ထနောင်း
ဇမ္ဗူ့ ကိုကြည့်နေမိသည်။တစ်ခါတစ်လေလုပ်ချင်တာလျှောက်လုပ်တတ်တာကလွဲရင်ဒီမြို့သား
ကောင်ကသူ့အလိုကိုအမြဲတမ်းလိုက်သည်။သူစာရေးမယ်ဆိုတော့လည်းစာကဘယ်ဆီနေမှန်းမသိ။စာရေးကိရိယာတွေအစုံအလင်ပြေးဝယ်ပေးသည်။ plain paper တွေ၊ရောင်စုံဘောပင်
တွေဝယ်လာပေးသည်။ကိုယ်ကပန်းချီဆွဲမှာလည်းမဟုတ်။

ဇမ္ဗူ ဝယ်လာတဲ့ဘောပင်တွေကအရုပ်တွေနဲ့။ကိုယ့်ကိုမူကြိုကလေးများမှတ်နေသလားမသိ။ဘာပဲပြောပြောဒီကောင်နဲ့နေရတာပျော်စရာတော့ကောင်းသည်။သူကကိုယ့်ကိုဘယ်တော့မှမငြို ငြင်တာကလည်းကိုယ့်ရဲ့ကံကောင်းခြင်းဆုလာဘ်ပင်ဖြစ်သည်။

*

*

“စည်းသူစည်းသားများရဲ့ငွေစာရင်း”

Diary (ဒိုင်ယာရီ)حيث تعيش القصص. اكتشف الآن