အခန်း(၇)

93 10 0
                                    

ဇမ္ဗူ အလုပ်ကနေပြန်လာသည်။မန္တလေးနဲ့သပြေတန်းရွာကိုနေ့ချင်းပြန်သွားရတာသူ့အတွက်ဝေးတယ်လို့မထင်။အိမ်ပြန်ရောက်လို့ထနောင်းမျက်နှာကိုမြင်ရရင်သူအမောပြေသည်။

ဇမ္ဗူ အိမ်ပြန်ရောက်တော့ထနောင်းကအိမ်ရှေ့
ကသစ်ပင်ရိပ်မှာအမွှာလေးနှစ်ယောက်ကိုလက်သည်းညှပ်ပေးနေသည်။သူကားထဲကထွက်
လာတော့အကြီးကောင်ကသူ့ဆီပြေးလာသည်။အငယ်မလေးကလက်သည်းညှပ်နေလက်စမို့
သူ့ဆီပြေးမလာနိုင်။သူ့ဘက်ကိုလှည့်ကြည့်ပြီး
“ဖေဖေ”ဟုလှမ်းခေါ်သည်။

မိဘရင်းတွေဆုံးရှုံးသွားပေမဲ့မိဘရင်းနဲ့မခြား
ချစ်ပေးနိုင်တဲ့ဦးလေးထနောင်းရဲ့အရိပ်အောက်မှာနေခွင့်ရတာကလေးတွေကံကောင်းကြရှာသည်။အကြီးကောင်ကသူ့လက်ထဲကအိတ်ကိုယူပြီးအိမ်ထဲမှာသွားထားပေးသည်။သားသမီးတွေသိုက်သိုက်ဝန်းဝန်းနဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခွင့်ရလို့ထနောင်းကိုသူကျေးဇူးတင်မိသည်။

ထနောင်းကသူ့ကိုတစ်ချက်မော့ကြည့်ပြီး“ပြန်
လာပြီလား"ဟုမေးသည်။အသိအမှတ်ပြုမေးတဲ့စကားလေးတစ်ခွန်းနဲ့တင်သူ့မှာစိတ်ကျေနပ်
သွားရသည်။ထနောင်းကလေးနှစ်ယောက်ကိုလက်သည်းညှပ်ပေးပြီးသွားတော့ဇမ္ဗူ သူ့လက်
နှစ်ဘက်ကိုဆန့်ပြီးထနောင်းရှေ့ထိုးပေးလိုက်
သည်။

လက်ဆယ်ချောင်းလုံးဖြန့်ကားပြီးလက်သည်း
ညှပ်ပေးဖို့တောင်းဆိုနေတဲ့ဇမ္ဗူ့ ကိုထနောင်းလို
လိုလားလားနဲ့ပဲလက်သည်းညှပ်ပေးလိုက်သည်။လက်သည်းမညီတဲ့နေရာလေးတွေကိုတံဇဉ်းလေးနဲ့တိုက်ပြီးညီအောင်ညှိပေးသည်။စိတ်ရှည်လက်ရှည်လုပ်ပေးနေတဲ့ထနောင်းကိုတစိမ့်
စိမ့်ကြည့်ပြီးဇမ္ဗူ ကြည်နူးပီတိဖြစ်နေမိသည်။

ဦးထက်ရှားကစွယ်တော်သစ်ဦးလေးကိုပွေ့ချီပြီးအိမ်ထဲကထွက်လာသည်။အိမ်ရှေ့သစ်ပင်အောက်ကချစ်ငှက်မောင်နှံကိုမြင်တော့ဦးထက်ရှားရပ်ငေးကြည့်နေမိသည်။သူ့သားငယ်လေးကမျိုးတူယောက်ျားတစ်ယောက်ကိုအိမ်ထောင်ဘက်
အဖြစ်ရွေးချယ်လိုက်ပေမဲ့အိမ်ထောင်ရေးကံကောင်းရှာသည်။ထနောင်းကလုံးဝကို perfect
ဖြစ်နေတဲ့သူ။

Diary (ဒိုင်ယာရီ)Où les histoires vivent. Découvrez maintenant