အခန်း(၉)

109 11 4
                                    

ထနောင်းရေးလက်စစာကိုလက်စသတ်လိုက်
သည်။အနားမှာဇမ္ဗူ ချထားပေးတဲ့ကော်ဖီအေး
ခွက်ကိုယူပြီးမော့သောက်လိုက်သည်။

“အသက်”

“ဟင်"

“ရေချိုးရအောင်"

“ဘာလဲအရူးကောင်…ကိုယ့်ဟာကိုယ်ချိုး”

“အတူတူချိုးမယ်လို့…အသက်နဲ့ရေတူတူချိုး
မယ်"

“မချိုးဘူးဟေ့ကောင်…မင်းကဟိုကိုင်ဒီကိုင်နဲ့"

“ကိုင်ချင်လို့"

“ဘာကွ"

“ရေတူတူချိုးပေးလေ။အဲလိုမှမဟုတ်ရင်ကိုင်ပလိုက်မှာ”

“ခွေးကောင်"

စကားကနောက်။လက်ကအရင်။ထနောင်းရင်
ဘတ်ကိုလာကိုင်တဲ့ဇမ္ဗူ့ လက်ကိုထနောင်းရိုက်ချပစ်လိုက်သည်။

“အသက်ကလည်း"

မျက်နှာငယ်လေးနဲ့ဖြစ်သွားတဲ့ဇမ္ဗူ့ ကိုကြည့်ပြီးထနောင်းအရင်လိုလျစ်လျူ ရှုပြီးမနေတတ်တော့
ပေ။ကိုယ့်ကိုဆိုရင်အမြဲတမ်းအရိပ်လိုကြည့်နေတတ်တဲ့ဇမ္ဗူ့ ကိုကိုယ်ကလည်းပြန်ပြီးဂရုစိုက်ပေးချင်သည်။ထို့ကြောင့်နှစ်ယောက်သားရေချိုးခန်းထဲကိုတူတူဝင်ခဲ့ကြသည်။ရေချိုးခန်းထဲကပြန်ထွက်လာတော့ထနောင်းတစ်ကိုယ်လုံးကိုက်ရာဗရပွနဲ့နီရဲစုတ်နေသည်။

ထနောင်းအဝတ်အစားလဲပြီးခွေခွေလေးအိပ်နေမိသည်။မြောင်းတူးပြန်လာတုန်းကလှုပ်နိုင်သေးတယ်။ရေချိုးခန်းထဲကထွက်လာတော့မှဘုန်းဘုန်းလဲတာပဲ။ဇမ္ဗူ ကသူ့ခြေရင်းမှာလာထိုင်ပြီးခြေသလုံးကိုဆုပ်ကိုင်လိုက်သည်။

“မင်းဘာလုပ်တာလဲ"

“နှိပ်ပေးမလို့"

“မနှိပ်နဲ့။အခုလိုအချိန်မှာထိတာကိုမကြိုက်ဘူး။
ဝေးဝေးနေ"

ဝေးဝေးနေလို့ပြောလိုက်ပေမဲ့ဒီကောင်မနေဘူးဆိုတာကိုသိနေသည်။ပြောလိုက်ပြီးမှပဲ ခြေရင်းကနေခေါင်းရင်းကိုရွှေ့လာသည်။ထနောင်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာလက်ထောက်ပြီးအပေါ်ကနေငုံ့မိုးကြည့်နေသည်။ထနောင်းစိတ်ရှုပ်
လာသည်။

Diary (ဒိုင်ယာရီ)Donde viven las historias. Descúbrelo ahora