"ကဝေတစ်ကောင်၏ကျော့ကွင်း"
Ep..3
နှစ်ကာလရှည်ကြာအောင်စောင့်ခဲ့ရသည့်အခိုက်အတန့်လေးချိုမြိန်မည်ဟုထင်မှတ်ခဲ့သောနှုတ်ခမ်းတစ်စုံ၏အနမ်းကလက်တွေ့မှပြင်းရှခါးသက်နေသယောင်..ခေါင်းအားခါယမ်း၍စံရိုးထိုအနမ်းတို့အားရှောင်လွှဲမိလေတော့သည်...ငါလိုချင်တာအချစ်စစ်တစ်ခုပါပဲတက်မက်မူရမ္မက်တွေပါတဲ့အနမ်းတွေထက်အရောင်မရောတဲ့ချစ်ခြင်းတစ်ခုကိုပိုလိုချင်မိတာ..
ဇွဲ၏ကိုယ်အားတွန်းထယ်ကာဘေးသို့လိမ့်လိုက်လေသည်အမူးရှိန်ကြောင့်အိပ့်ပျော်နေသောဇွဲအားကြည့်ကာအတိတ်၏လိုက်ကာများကိုတစ်စစဆွဲဖယ်မိလေသည်.....
........................................
8တန်းကျောင်းသားလေးစံရိုးဘုံတစ်ယောက်အပြေးအလွှားနှင့်ရေခဲမုန့်သည်ဆီသို့အမောတကောရောက်လာလေသည်ကျောင်းပြန်ချိန်နောက်ကျ၍မိမိသိပ့်ကြိုက်သောရေခဲမုန့်အားမစားလိုက်ရမည်ဆိုး၍ပြေးလာခဲ့ခြင်းပေ.."ဦးလေးရေခဲမုန့်ရှိသေးလားဟင်"
"ဟေ..မရှိတော့ဘူးကွဒီကလေးနောက်ဆုံးတစ်ခုကျန်တာဝယ်သွားပြီ"
မောနေရာမှနှုတ်ခမ်းဆူသွားကာဘေးမှကျောင်းသားအားတစ်ချက်ဝေ့ကြည့်ပြီးမျက်ဆောင်းထိုးသလိုဖြစ်မိသွားကာရေခဲမုန့်သည်ကိုရန်တွေ့နေလေသည်..
"ဟွန့်ဦးလေးကလဲကျွန်တော်ကနေ့တိုင်းဝယ်နေကြလေ."
"အေးပါ"
"အေးပါဆိုပြီးကို့ကာစတန်မာအတွက်ကျမချန်ထားပေးဘူးဒါတရားလား"
"မတရားပါဘူးကွာ"
"မတရားမှန်းသိရင်ဘာလို့အစထည်းကတရားအောင်မလုပ်လဲ"
"မင်းပြောမှငါလဲနားမလည်တော့ဘူး"
"ဒါပဲနော်နောက်နေ့ကျွန်တော့်အတွက်နေ့တိုင်းရေခဲမုန့်ချန်ထားရမယ်"
"အေးပါကွာချန်ထားပ့မယ်"
"ဟူး.ပြီးရော"
စိတ်ကြိုက်ရန်တွေ့ပြီးစံရိုးလှည့်ထွက်လာခဲ့သည်ထိုစဥ် ရုတ်တရက်ကျောပိုးအိတ်အားနောက်မှဆွဲဆောင့်ခြင်းခံလိုက်ရလေသည်..