"ကဝေတစ်ကောင်၏ကျော့ကွင်း"
ep..5
"မှဲ့နီပိုင်ရှင်လား...သခင်နဲ့ဆက်ဆံနေတဲ့လူရဲ့လက်မှာမှည့်နီတွေ့လိုက်တယ်..အိုငါအမြင်မှားတာများလား....သူကလူသားတစ်ယောက်လေ..သူ့ဆီကလူသားအနံ့ရနေတယ်..."
မူယာတစ်ကိုယ်ထဲရေရွတ်ရင်းရန်စွယ်တို့၏ပုံရိပ့်များကိုပြန်မြင်ယောင်ကာမျက်ရည်များဝဲလာလေသည်..
"ငါမှမဟုတ်ပဲလေ..သခင်ပြောခဲ့တဲ့စကားတွေဟာငါ့အတွက်သတ်သတ်မှမဟုတ်ခဲ့တာအဲ့မှဲ့ကအရှင်တွေဆိုတာသေချာတယ်ဒါဆို...သူက.."
ရုတ်တရက်ခြေနင်းသံကြားရ၍မူယာသစ်ပင်နားကွယ်ရပ်လိုက်လေသည်..
"ဇွဲမျက်စိ့ရှင်ရှင်ထားနော်ဒီအနီးအနားမှာကဝေအနံ့ရတယ်"
"ဟုတ်ကဲ့ဦး"
"အဟင်း...ဟင်း..ခစ်..ခစ်...ခစ်..."
"ဟင်"
မခို့တစ်ရို့ရယ်သံများကသစ်ပင်နောက်ဘက်မှထွက်လာလေသည်ဦးဧကန်မင်းနှင့်ဇွဲကျောချင်းကပ်လိုက်ကာမြှားကိုအသင့်ပြင်ထားကြလေသည်...
"ကဝေမထွက်လာစမ်း"
"ခစ်.. ခစ်...အိုကွယ်အသုံးနှုန်းကြီးကကြမ်းလိုက်တာနော်အဟင်း..ဟင်း.."
"ဦး..ဟိုမှာ"
ဇွဲမျက်လုံးအဝိုင်းသားနှင့်သစ်ပင်အကိုင်းတွေကိုလက်ငြိုးထိုးပြလိုက်လေသည်လရောင်ဝင်းပပအောက်မှာခြေလေးသွယ်ယှက်ခပ်ရို့ရို့လေးထိုင်ကာဆံနွယ်ရှည်ကြီးတွေကိုဖားလျားချကာလက်ဖြင့်ပွတ်သပ်နေလေသည်...နီဆွေးဆွေးနှုတ်ခမ်းတို့ကပြူံးနေပေမဲ့အေးစက်စက်နိုင်လှပေသည်လှပသွယ်လှကာအချိုးဆစ်ကျလှသောခန္ဓာကိုယ်မှာကဝေလို့ပက်ထင်ရင်စရာမရှိပေ..
"ကိုယ့်ကိုကိုယ်လာသက်သေတာလားပြန်ကြပါမူယာဒီနေ့သွေးမစွန်းချင်ဘူး"
"မင်းအပိုတွေမပြောနဲ့ကဝေမသေပေတော့"
ပြောရင်းဦးဧကန်မင်းမှာချိန်ထားသောမြှားအားမူယာဆီသို့ပစ်ခွင်းလိုက်လေသည်သစ်ပင်ပေါ်မှလျင်မြန်စွာခုန်ချပြီးမြှားကိုရှောင်လိုက်လေသည်.