"ကဝေတစ်ကောင်၏ကျော့ကွင်း"
ep..6
မွေ့ယာဖြူဖြူလေးထက်မှဖော့တော့စွာလဲလျောင်းနေသောစံရိုး၏လက်လေးအားဖွဖွလေးဆုတ်ကိုင်ကာဇွဲမျက်ရည်များကျနေမိသည်..
"ဟင်း...အဖေ...ပြန်လာခဲ့ပါကျွန်တော့်ကိုမထားခဲ့ပါနဲ့ဗျာ..အဟင့်..အဖေမရှိပဲမနေနိုင်ဘူး..."
"စံရိုး..စံရိုး..ငါပါမျက်လုံးဖွင့်ကြည့်ပါအုန်း.."
ဇွဲ၏လက်အားပြန်လည်တင်းကျပ်စွာစုပ်ကိုင်ကာစံရိုးခေါင်းကိုအတွင်တွင်ခါယမ်းရင်းနှုတ်မှလဲ..
"ဟင့်အင်း..လိမ်တာ..အဖေငါ့ကိုထားခဲ့မှာမဟုတ်တာသိတယ်..သူငါ့ကိုတစ်သက်လုံးစောက်ရှောက်ပေးမှာပြန်ခေါ်ပေး..ပြန်ခေါ်ပေးပါလို့..ေတာင်းပန်ပါတယ်..ဟီး..ဟီး..အဖေ...ဟီး.."
"စံရိုး...တောင်းပန်ပါတယ်စံရိုးရယ်.."
စံရိုးအိပ့်ပျော်နေရာမှလန့်နိုးလာလေသည်အိပ့်ယာဘေးကိုအလန့်တကြားကြည့်မိ့ကာဘယ်သူမှရှိမနေပေ..အောက်ထက်မီးဖိုခန်းမှအသံကြာူလိုက်ရာဝမ်းသာသွားပြီး...
"ဟင်..အဖေ..အဖေလား..အဖေ"
စံရိုးဝမ်းသာအားရစွာအိပ့်ယာပေါ်မှလူးလဲထကာအောက်ထက်သို့ပြေးဆင်းသွားလေသည်..
"အဟင့်..ကျွန်တော်သိသားပဲအဖေပြန်လာမယ်ဆိုတာ..အဖေ..."
"ဟင်...အ...ဖေ."
မီးဖိုခန်းထဲအရောက်ဝမ်းသာစွာပြေးဖတ်ရန်ပြုလိုက်စဥ်လှည့်လာသောသူမှာအဖေမဟုတ်ဇွဲပင်ဖြစ်သည်..
"စံရိုးနိုးပြီလား..ငါမနက်စာပြင်ပေးထားတယ်လာထိုင်"
"ဟင့်အင်း"
စံရိုးအားလျော့စွာခုံပေါ်ထိုင်ချလိုက်လေသည်မနေ့ညကအဖြစ်ပျက်များကိုဇွဲအားမေးရန်ဆုံးဖြတ်လိုက်ပြီးခေါင်းမော့လာကာ..
"ဇွဲ.."
"ဟင်..ပြောလေစံရိုး"
"ငါမေးစရာရှိတယ်"
"မေးလေ"
"မနေ့ညကကိစ္စကိုငါ့ကိုအကြောင်းစုံပြန်ပြောပြပါ"
"အင်းငါပြောပြပါမယ်ခုတော့စား.."
"ဟင့်အင်း..ငါအခုသိချင်တာပြောပါ"