"ကဝေတစ်ကောင်၏ကျော့ကွင်း"🚨🚨🚨🚨🚨
P..4
အမှောင်ထုထဲသို့ခြေချမိမိချင်းပင်စံရိုးကြက်သီးများထသွားလေသည်အေးစက်နေသောလေထုတိူ့ကခန္ဓာကိုယ်တစ်လျောက်တိုက်ခက်သွားပြီးရုတ်တရက်အထီးကျန်သွားသလိုပင်ရုတ်တရက်ဘေးကိုကြည့်မိလိုက်တော့အဖေနှင့်ဇွဲကိုမတွေ့တော့ပေ..
"ဟင်...အဖေ..အဖေ..ဇွဲ.ဘယ်ရောက်ကုန်တာလဲ"
ဝင်လာတုန်းကသုံးယောက်အတူတူဝင်ပြီးအခုလူကွဲသွားတော့စံရိုးနားလည်ရခတ်နေသည်နယ်မြေမကျွမ်းကျင်သဖြင့်ခြေဦးတည့်ရာသာသွားပြီးအဖေတို့ကိုရှာရမည်ပင်...ရုတ်တရက်,စံရိုးနောက်မှခြေသံကြားလိုက်ရလေသည်..
"ဘယ်..ဘယ်သူလဲ"
နောက်သို့လှည့်ကြည့်လိုက်တော့ခြေသံရုတ်တရက်ပျောက်သွားကာနေရာမှာရပ်နေ၍မရတော့သဖြစ်စံရိုးလှည့်ထွက်လာခဲ့လေသည်....
"ဇွဲ..ဦးတို့လူကွဲလာပြီ..သားကျန်ခဲ့ပြီ"
"ဟင်..ဟုတ်တယ်ဦးဘယ်လိုဖြစ်ရတာလဲလာတုန်းကသုံးယောက်အတူတူလာခဲ့တာပါဘယ်လိုကွဲသွားရတာလဲစံရိုးကရောဘယ်ရောက်သွားတာလဲဟင်ဦး"
ဦးဧကန်မင်းလဲစဥ်းစားရခတ်နေပုံပင်..သူ့တစ်သက်၌ဒါမျိုးလူကွဲတာမျိုးမကြုံဖူးပေ..သားဖြစ်သူအတွက်စိုးရိမ်ကာနေရာမှခပ်သုတ်သုတ်ပင်နှစ်ဦးသားထွက်လာကြလေသည်...
"သတိထားနော်ဇွဲ...စံရိုးကိုရှာရင်းနဲ့ကဝေတွေကိုလဲသတိပြုသူတို့ကသိပ့်ဉာဏ်များတာ"
"ဟုတ်ကဲ့ပါ..ကျွန်တော်တို့က ကိစ္စမရှိပါဘူးဒါပေမဲ့စံရိုးကတစ်ယောက်ထဲသူကြောက်နေလောက်တယ်"
"အင်း...သစ်ပင်တွေနားသိပ့်မကပ်နဲ့ဒီတောကလှည့်စားမူတွေနဲ့ပြည့်နေတာဘယ်နေမှာရှိနေတာလဲဆိုတာတောင်အတိအကျမသိဘူးသတိပြုပြီးနေတာအကောင်းဆုံးပဲလက်နက်ကိုမလွှတ်ကျစေနဲ့"
"ဟုတ်ကဲ့"
...........................................................,...
လကိုမတွေ့ရပေမဲ့ခပ်မှိန်မှိန်လရောင်ကြားကအုပ်မှိုင်းနေတဲ့တော၏ပတ်ပတ်လည်ကိုစံရိုးလိုက်ကြည့်နေမိလေသည်အမည်ထော်မရသောသစ်ပင်အကြီးကြီးတွေနှင့်ထူးဆန်းသောပန်းပင်များရှိလေသည််ရုတ်တရက်နားထဲတွင်ရေစီးသံလိုလိုကြားလိုက်ရလေသည်ထိုအသံကြားရာနောက်စံရိုးလျှောက်လာမိလေသည်...