"ကဝေတစ်ကောင်၏ကျော့ကွင်း"EP..1
ကောင်းခြင်းနဲ့ဆိုးခြင်းကြားရှင်တွဲနေထိုင်ရတဲ့ဒီလောကကြီးမှာကျွန်တော်ကဆိုးခြင်းတွေကိုဖယ်ရှားနေရတဲ့လူသိနည်းသူပေါ့..မရဏအရှင်ဆိုတဲ့မျိုးရိုးကြောင့်ငယ်စဥ်ထဲကကျွန်တော့်အသိတွေထဲမှာရိုက်သွင်းပေးခဲ့ကြတဲ့စကားသံတစ်ချို့...အဲ့တာက.
"မင်းဟာမရဏအရှင်မျိုးဆက်ဖြစ်တဲ့အတွက်နတ်ဆိုးကဝေဆိုးတွေကိုမင်းသုတ်သင်ရမယ်"
စာတိုက်တစ်ခုကိုကာဗာယူပြီးကျွန်တော်တို့ရဲ့တာဝန်ကိုထမ်းဆောင်နေခဲ့တဲ့သာမာန်လူတွေကတော့ကဝေတွေနတ်ဆိုးတွေကမရှိတော့ဘူးမမြင်တော့သလိူမျိုးသုန်းကုန်ပြီလို့ထင်ကောင်းထင်မှာပေါ့...တစ်ချိန်ချိန်မှာသူတို့တွေဟာလူသားမျိုးနွယ်ကိုဖျတ်ဆီးနိုင်တယ်ဒါကိုကာကွယ်ရမှာမရဏအရှင်မျိုးဆက်....
"စံရိုးဘုံ"
"ဟင်"
မြေအောက်ခန်းထဲတွင်ဆေးရေစိမ်ပုလင်းများအားသန့်စင်ရင်းအတွေးလွန်နေခဲ့ရာမှစံရိုးဖခင်၏ခေါ်သံကြောင့်အသိဝင်ပြီးနောက်သို့လှည့်ကြည့်လိုက်မိ့သည်နွေးထွေးတည်ငြိမ်သောမျတ်ဝန်းအစုံတို့အားမြင်လိုက်ရသည်နှင့်စံရိုးပြုံးမိသွားသည်..
"အဖေဘယ်တုန်းထဲကရောက်နေတာလဲ"
"သားအတွေးထဲစတင်နစ်မျောနေကတည်းကပေါ့"
"ဟာ...အဖေကလည်း"
"အဟား..ကဲပြောပါအုန်းဘာတွေအဲ့လောက်စဥ်းစားနေတာလဲ"
"ကျွန်တော်တို့မျိုးရိုးအကြောင်းစဥ်းစားနေတာပါအဖေကျွန်တော်အဖေနဲ့အတူဒီတာဝန်စလုပ်ကတည်းကအဖေပြောတဲ့ကဝေကိုတစ်ခါမှမတွေ့ဖူးဘူးဒါကယုံတမ်းများလားဟင်"
"မဟုတ်ဘူးသားဒါကတစ်ကယ်အမှန်တရားတွေလေသားအချိန်မတန်သေးလို့ပါတစ်နေ့ကြသားမြက်မြင်တွေ့ရမှာပါ"
"အဖေအဲ့ကဝေနတ်ဆိုးတွေကိူတွေ့ရင်သက်မှာလားဟင်"
"အဖေတို့ကမသက်ဘူးသားဖမ်းဆီးပြီးသူတို့ကိုဆေးအစီအမံနဲ့ထားတာတစ်ဖြည်းဖြည်းနဲ့သူတို့သက်တန်းကုန်ကြတာ"