Chapter 3

193 37 3
                                    

Zawgyi

အပိုင်း ၃ (လက်ရာကြီး)

ရှလျန်တစ်ယောက် ကုတင်ပေါ်တွင် မုန့်အိုးကင်းကပ်ကြော်သလို မှောက်ချည်လှန်ချည်ဖြင့် အတော်ကြာ ဂနာမငြိမ်ဖြစ်နေခဲ့ပြီးနောက်ဆုံးမှာမှ အိပ်ချင်စိတ်တို့်လွှမ်းမိုးခံလိုက်ရတော့သည်။ ယခုတစ်ကြိမ်တွင်တော့ သူ အဆုံးမရှိတဲ့ အမှောင်ထုကြီးကို မမက်တော့ဘဲ ရင်းနှီးပြီးသား ပတ်ဝန်းကျင်ကိုရောက်နေခဲ့လေသည်။
သူလက်ရှိငှားနေတဲ့ အိမ်ထဲမှာ ရပ်နေခဲ့ခြင်းပင်။
ပတ်ဝန်းကျင်က အပ်ကျသံကြားရလောက်အောင်ဆိတ်ငြိမ်နေပြီး၊ မီးအလင်းရောင်က အနည်းငယ်မှိန်ဖျော့နေတာကြောင့် တစ်အိမ်လုံး မီးခိုးရောင်မှိုင်းမှိုင်းဖြင့် အေးစက်စက်ဖြစ်နေသည်။ သူ့အမြင်အာရုံကိုကွယ်ထားလေ့ရှိတဲ့ အမှောင်ထုကြီးမရှိတော့ပေမဲ့လည်း ယခုတိုင် သူ့နားထဲတွင် တဂျစ်ဂျစ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။ အသံက ရေချိုးခန်းဘက်ကနေ ထွက်လာပုံရပြီး ရှလျန် မတုံ့ပြန်ရသေးခင်မှာပဲ ရေချိုးခန်းရဲ့အလယ်မှာ ရပ်နေပြီးပြီဆိုတာ သိလိုက်ရလေတယ်။

ရေချိုးခန်းက နက်ပြာရောင်အလွှာပါးဖြင့် ဖုံးအုပ်ခံထားရပြီး တစ်ခုတည်းသောအလင်းရင်းမြစ်မှာ မှန်အထက်ရှိ အဆက်မပြတ်တဖျပ်ဖျပ်ခတ်နေသည့် မီးလုံးမှိန်မှိန်လေးဖြစ်သည်။ ပြီးခဲ့တဲ့ညတွေတုန်းက သူ့အိပ်မက်တွေထဲမှာ ကြားနေရတဲ့ တရှဲရှဲတဂျစ်ဂျစ်မြည်သံဟာ ထိုလူသားသဏ္ဍာန်ဆီမှ ထွက်ပေါ်နေခြင်းပင်။

ယခုအခါ တရှဲရှဲမြည်သံများက မျက်စိဖြင့်မြင်သာသောနှုန်းနှင့် ကြီးထွားနေသည့် လူသားသဏ္ဍာန်မှိုကွက်ကြီးထံမှ မပီမသထွက်ပေါ်နေခဲ့လေသည်။
မီးခိုးရောင်ဖျာ့ဖျော့အလင်းအောက်တွင် ၎င်းသည် သိမ်မွေ့စွာဖြင့် တစ်လွှာပြီးတစ်လွှာ ချဲ့ထွင်နေခဲ့သည်။
ရှလျန်သည် မှိုများအဆက်မပြတ်တိုးပွားနေပြီး ပုရွက်ဆိတ်အုံအစုအဝေးကြီးနှယ် နံရံမျက်နှာပြင်ကနေ သူ့ဆီ ဆန့်ထွက်လာသည်ကို ခိုကိုးရာမဲ့စွာ ကြည့်နေမိသည်။ ထို့နောက် ချက်ချင်းအသိဝင်၍ ရေချိုးခန်းတံခါးကို ဆွဲဖွင့်ပြီး ဧည့်ခန်းဆီ ထွက်ပြေးတော့သည်။ ဒါပေမယ့် သူ ခေါင်းမော့၍ ဧည့်ခန်းမျက်နှာကျက်ပေါ်ရှိ မှိုပြောက်များကိုကြည့်လိုက်ရာ ၎င်းတို့ကလည်း အလားတူ ကြီးထွားနေကြပြီး ကြမ်းခင်းပေါ်သို့ဆင်းလာကြကာ လူသားသဏ္ဍာန်ပြောင်းရင်း သူ့ထံ လျင်မြန်စွာ ရွေ့လျားလာသည်ကို သွေးပျက်ဖွယ်မြင်လိုက်ရသည်။

Human Mold(Myannar Translation)Where stories live. Discover now