Chapter 7(End)

323 54 14
                                    

Zawgyi

အခန်း ၇ ဇာတ်သိမ်း။
(ကံကြမ္မာဆိုသည်မှာ စကားလုံးများနှင့်ဖော်ပြဖို့ရာ သိပ်ကိုဆန်းကြယ်လွန်းလှပေသည်)

ဟိုးရှေးတုန်းကပေါ့ လုကျစ်ချူ  လူသားတွေကို စစားတဲ့အချိန်တုန်းက အရသာရှိတဲ့ လူဆိုးတွေကို ရွေးစားရတာ ကြိုက်လေတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ နှလုံးသားကို အရှင်လတ်လတ်လှီးထုတ်ပြီး မသုံးဆောင်မှီ၊ အရေပြားကိုအရင်နွှာပစ်ကာ ရင်ဘတ်ပိုင်းပဲချန်ပြီး ခြေလက်လေးချောင်းကို အရင်စားသုံးလေ့ရှိသည်။ အသားပေါ်ကအပူချိန်တစ်ခု အေးစက်သွားသည့်တိုင်အောင် သူအရသာခံ စားခဲ့တာဖြစ်သည်။
အရွယ်ရောက်ပြီး လူသားတစ်ဦးကို သန့်သန့်ရှင်းရှင်းနည်းဖြင့် တစ်ကိုယ်လုံးမြိုချနိုင်စွမ်းရှိပါသော်လည်း အရသာ တဖြေးဖြေးခံပြီး စားရတာကို သူပိုကြိုက်လေသည်။ သူ့လည်ချောင်းအတွင်း စီးဆင်းနေသော ပူနွေးနွေးသွေးများကို ခံစားရင်း၊လူတို့၏ အသား၊အကြောမျှင်များကို ဝါးလိုက်ရသည့်ခံစားချက်က တကယ့်ကိုစိတ်ကျေနပ်ဖွယ်ပင်။

သူ့ရဲ့ နတ်ဆိုးဆန်ဆန်လုပ်ရပ်တွေကြောင့် တစ်ဟုန်ထိုးကျော်ကြားလာခဲ့ပြီး ကောလာဟလများစွာလည်း ထွက်ပေါ်လာခဲ့သည်။လူသားတွေက သူ့ကို ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံ့ကြပြီး၊ ကလေးတွေ ညဘက်အပြင်ထွက်မကစားအောင် ရိုးရာပုံပြင်တွေထဲ သူ့အမည်ကိုထည့်ပြောပြီး ခြောက်ထားလေ့ရှိကြသည်။
ထိုပုံပြင်တွေက နိုင်ငံတစ်ဝှမ်းလုံးကိုပြန့်နှံ့သွားခဲ့ပြီး၊ အတိုချုပ်ဗားရှင်းတွေ ထွက်လာကာ ကလေးတွေကိုခြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကနေ လမ်းလွဲကုန်တော့သည်။

တဖြည်းဖြည်းနဲ့ ကောလာဟလတွေက သူ့ဟာ ကလေးတွေကို စားရတာ အထူးနှစ်ခြိုက်တဲ့ မကောင်းဆိုးဝါးနတ်ဆိုးအဖြစ် ဖော်ပြလာကြတော့သည်။
သို့နှင့် တစ်နှစ်တွင် ရွာတစ်ရွာမှ ရွာသားတွေက အပျိုစင် ယောက်ျားလေး၊မိန်းကလေး တစ်တွဲကို ရွေးချယ်၍ ယာယီယဇ်ပလ္လင်ပေါ်သို့ ခေါ်ဆောင်လာကြပြီး ရွာကို ကောင်းချီးမင်္ဂလာများနှင့် အကာအကွယ်ပေးရန်ရည်စူး၍ ယစ်ပူဇော်ခဲ့ကြလေသည်။

ယဇ်ပူဇော်ပြီးသည့်နောက် အကြောင်းတိုက်ဆိုင်၍ ထိုရွာသားများသည် ဘေးကင်းလုံခြုံကာ ကြွယ်ဝချမ်းသာလာခဲ့ကြသည်။ ယင်းက ယဇ်ပူဇော်ခြင်းအတွက် နတ်ဆိုး၏ဆုလာဘ်ဖြစ်ကြောင်း သူတို့ကို ယုံကြည်စေခဲ့သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထိုယဇ်ပူဇော်ပွဲမျိုးပြုလုပ်သည့် ကျေးရွာအရေအတွက်များပြားလာတော့သည်။ ရွာသားများအားလုံးသည် ကလေးတစ်စုံကို ယဇ်ပူဇော်ပြီး တစ်ရွာလုံး ဘေးကင်း၊ချမ်းသာရေးကို မျှော်လင့်ကြလေသည်။

Human Mold(Myannar Translation)Where stories live. Discover now