Chapter 6

216 48 6
                                    

Zawgyi

အခန်း ၆ (အနက်ရောင် ညစ်ညမ်းမှု )

ရှလျန် ဖြည်းဖြည်းချင်း သတိပြန်ရလာသောအခါတွင်၊ သူနှင့်အတူ ကုတင်ပေါ်တွင် လဲလျောင်းနေသော သူစိမ်းတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူက မျက်နှာသေဖြင့် သူ့မေးစေ့ကို လက်ညှိုးတစ်ချောင်းနဲ့ပင့်မထားပြီး စိုက်ကြည့်နေခဲ့သည်။

ရှလျန်၏ မျက်လုံးသူငယ်အိမ်သည် ထိပ်လန့်မှုကြောင့် လျန်မြန်စွာ ကျယ်သွားပြီး၊ လက်ကိုထောက်၍ နောက်ပြန်ဆုတ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုလူက တည်ငြိမ်စွာကြည့်နေပြီး လက်ညိုးကိုဆန့်ထုတ်၍ ကွေးချည်ဆန့်ချည် အမူအရာတစ်ခု ပြုလုပ်ခဲ့ရာ ချက်ခြင်းပင် ရှလျန် သူ့တစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။
သူဘယ်လောက်ပဲ ကြိုးကြိုးစားစား လှုပ်ရှားဖို့အားစိုက်ပါစေ ခြေလက်တို့ကနည်းနည်းမျှကြွမရ။တောင့်ဆန်ဆန် သစ်သားရုပ်လေးနှယ်။

"ခင်ဗျား...ခင်ဗျားက ဘယ်သူလဲ"

"မင်းငါ့ကိုမမှတ်မိဘူးလား? မင်းဒီကိုရောက်လာတဲ့ ပထမဆုံးနေ့မှာပဲ ငါတို့ အချင်းချင်းတွေ့ဖူးတယ် မဟုတ်ဘူးလား"
ထိုအမျိုးသားက မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းထောင့်ဖျားမှလည်း လှောင်ပြုံးလေးဖြစ်ပေါ်လာတော့တယ်။ သူ့ကိုယ်ဟန်အနေအထားက ပေါ့ပေါ့ပါးပါးနေပုံရပေမယ့်၊  စည်းစနစ်ကျတဲ့ စရိုက်လက္ခဏာရှိပြီး သူ့တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ ရောင်ဝါတွေဖြာထွက်နေခဲ့သည်။ ထိုယောက်ျားက ပြုံးနေပုံရပေမယ့် ထိုအပြုံးအောက်တွင် နက်နဲလှတဲ့ဆိုးသွမ်းမှုများ ဖုံးကွယ်ထားသလို ခံစားရသည်။

"မသိဘူး၊ မမှတ်မိဘူး"
ဘူးခံငြင်းတာက အကျိုးမရှိမှန်းသိပေမယ့် ရှလျန်ဟာ ဒီစိတ်ပုံမှန်မဟုတ်တဲ့တစ်စုံတစ်ရာကြီးနဲ့ ဘယ်နားမှာဆုံခဲ့မှန်း တကယ်မမှတ်မိရိုး အမှန်ပါ။
"မဟုတ်မှ...ခင်ဗျားက ကျားကွက်ကျောက်တုံးကြီးဆီက လာတာလား"

"အဲဒါက သာမန်ကျောက်တုံးမဟုတ်ဘူး။ကိုယ့်ကို နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်နှောင်ထားနိုင်အောင် တံဆိပ်ခတ်ထားတဲ့ ရှေးဟောင်းပစ္စည်းပဲ။ဒါပေမယ့် အက်ကွဲသွားတဲ့အခါကျတော့ လုံးဝ အသုံးမဝင်တော့ဘူးလေ"
သူ့အား ထိုကျောက်တုံးကိုသုံးပြီး ချုပ်နှောင်ခဲ့တဲ့လူကိုလည်း အဆုံးမဲ့'အိပ်စက်'စေခဲ့ပြီးပြီလေ။

Human Mold(Myannar Translation)Where stories live. Discover now