Prologue

405 46 0
                                    

Zawgyi

(ပဏာမ နိဒါန်း)

"...ကျားကွက် အိမ်ရာ?"

"အမှန်ပဲဗျ။ဘာကြောင့် ချီဖန်ကျားကွက် အိမ်ရာ  လို့ခေါ်တယ်ဆိုတာရော မစ္စတာ ရှ သိလားဗျ"
ဝတ်ကောင်းစားလှဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအမျိုးသားက မေးခွန်းထုတ်လိုက်ရင်း အလွန်စိတ်အားထက်သန်နေသည့် မျက်နှာပေးဖြင့် ဧည့်သည်ကို အိမ်ရာဝန်းထဲခေါ်သွားခဲ့သည်။

ရိုးရိုးသားသားပြောရရင် ရှလျန် ဟာ ဒီအိမ်ရာဘယ်လိုခေါ်လဲဆိုတဲ့အပေါ် သိပ်စိတ်မဝင်စားပါချေ။ ၎င်းရဲ့တည်နေရာက အရိပ်အာဝါသကောင်းပြီး သီးသန့်ဆန်တာကြောင့်သာ သူ တစ်ချက်လောက်စူးစမ်းကြည့်ဖို့် လာခဲ့တာဖြစ်၏၊
သို့ပေမဲ့ ပွဲစားရဲ့မေးခွန်းကိုကြားတော့ စိတ်ဝင်စားဟန်ဆောင်ကာ ရေလိုက်ငါးလိုက်နေပေးဖို့်ဆုံးဖြတ်လိုက်သည်။
“ဘာကြောင့်များပါလိမ့်ဗျာ”

“ဟိုမှာ ခင်ဗျား မြင်လား”
ပွဲစားက လမ်းလျှောက်ရင်း တဖြည်းဖြည်းနီးလာသည့် လမ်းဆုံလမ်းခွကို လက်ညိုးထိုးပြသည်။
လမ်းဆုံလယ်ခေါင်တွင် သီးသန့်ပေါက်နေသည့် မြက်ခင်းလေးတစ်ခုရှိလေသည်။
“ဒီမြေကွက်ကြီးကို ကျားကွက်အိမ်ရာလို့ခေါ်ရတဲ့အကြောင်းက စစ်တုရင်ခုံနဲ့တူတဲ့ ဒီစတုရန်းပုံကျောက်တုံးကြီးကြောင့်ပဲ။ဒီကျောက်တုံးက ခြံမြေမဆောက်ခင်ကတည်းက တည်ရှိနေပြီး အဲဒီ့အချိန်ကတည်းက ရွေ့ပြောင်းလို့မရတာလို့ ကောလဟာလတွေလဲရှိသဗျ။”

ရှလျန် ထိုသူညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ မြက်ခင်းပေါ်တွင် ဆယ်ကျော်သက်ကောင်လေးတစ်ဦး လက်မောင်းနှစ်ဖက်ဖြန့်ရလောက်အောင်ကြီးသည့် စတုရန်းပုံကျောက်တုံးကြီးကို တွေ့လိုက်ရသည်။ကျောက်တုံးကြီး ၏မျက်နှာပြင်မှာတော့ နှစ်ပေါင်းများစွာကြာညောင်းနေပုံရသည့် အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။
စစ်တုရင်ခုံလို လေးထောင့်စပ်စပ်ဖြစ်နေတာကလွဲပြီး တခြားဘာထူးထူးခြားခြားမှမရှိပေ။ ရှလျန်မှာ ၎င်းကိုအစွဲပြု ပြီး အိမ်ရာဝန်းကြီးအား စိတ်ကူးယဉ်ဆန်ဆန်အမည်ပေးခဲ့သူကို လက်မထောင်ပြမိတော့သည်။

Human Mold(Myannar Translation)Where stories live. Discover now