Chapter 1

260 48 1
                                    

Zawgyi

အပိုင်း(၁)

အိုက်စပ်စပ် စိုထိုင်းထိုင်း လေထုထဲတွင် ကျပ်ညပ်စွာနေရသည်က မည်သူကိုမဆို စိတ်အနှောင့်အယှက်ဖြစ်စေမှာ သေချာသည်။
ရှလျန် ချီဖန်ကျားကွက်အိမ်ရာသို့ ပြောင်းရွှေ့လာခဲ့တာ လအနည်းငယ်ပင်ကြာသွားခဲ့ပြီ။ ရာသီဥတုကလည်း အတော့်ကို ပူလာခဲ့သည်။
ရှလျန်တစ်ယောက် အော်တိုစနစ်ပါသည့် သွားတိုက်တံကို ကိုင်ကာ ရှေ့နောက်ရွှေ့ပေးရင်း သွားတိုက်နေခဲ့သည်။
အိပ်ယာနိုးစမို့ သူ့စိတ်အာရုံက လုံးဝမနိုးသေးပေ။သူ့အမြင်အာရုံက ယောင်တောင်တောင်ဖြစ်နေရာမှ ရေဆေးကန်ပေါ်က မှန်ဆီသို့ ရောက်လာတော့သည်။

ဘယ်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤမှန်မှာ သက်တမ်းမည်မျှကြာညောင်းနေမှန်း ခန့်မှန်းနိုင်သည်။ မှန်၏မျက်နှာပြင်သည် မှန်အသစ်များကဲ့သို့ ရှင်းလင်းကြည်လင်ခြင်းမရှိတော့ဘဲ ၎င်း၏ဘေးနှင့်ထောင့်များအားလုံးတွင် ထိခိုက်၊အက်ကွဲရာများရှိနေသည်။ ရေချိုးခန်းထဲတပ်ထားတဲ့ ဝါဖန့်ဖန့် မီးလုံးမှာလည်း နေ့ခင်းဘက်ပင် ဖြစ်လင့်ကစား ဖွင့်ထားရန် လိုအပ်တာကြောင့် အလွန်အိုဟောင်းနှစ်ချို့နေမှန်း မြင်သာလေတယ်။

တဖြည်းဖြည်းနဲ့ ရှလျန်ရဲ့ အကြည့်တို့က သူ့နောက်ဘက်ရှိအရာများကို ရောင်ပြန်ဟပ်နေသည့် မှန်၏တစ်နေရာတွင် ကပ်တွယ်သွားတော့သည်။
အရွယ်ရောက်ပြီးလူကြီးတစ်ယောက်အဖို့ ကိုယ်ကျုံ့ဝင်မှသာ ဆန့်မည့် အဖြူရောင်ရေချိုးကန်ဟောင်းတစ်ခုနှင့် ၎င်းဘေးတွင် ချိတ်ဆွဲထားသည့် အဝါရောင်ပြောင်းကာ တွန့်လိမ်နေပြီဖြစ်တဲ့ အလင်းဖောက် ရေချိုးလိုက်ကာတစ်ခု...။

ရေချိုးကန်ထောင့်က အဖြူရောင်နံရံပေါ်တွင် မှိုကွက်တစ်ခုရှိနေသည်မှာ ရေချိုးကန်ဘောင်နှင့်ထိမိလုနီးပါးပင်ဖြစ်နေလေသည်။

မှို!?

ရှလျန်တစ်ယောက် ငိုက်မျဉ်းနေတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး ရေချိုးကန်ကို လှည့်ကြည့်လိုက်မိသည်။
သူ ကိုယ်ကိုငုံ့ကာ နံရံထောင့်နားက မှိုကွက်ကို ဂရုတစိုက်ကြည့်လိုက်သည်။၎င်းက လူကြီးတစ်ယောက်ရဲ့လက်တစ်ဖဝါးစာလောက်ရှိနေပြီး စက်ဝိုင်းခြမ်းသဏ္ဍာန်ရှိလေတယ်။ အစွန်းတစ်ဝိုက်တွင် မီးခိုးရောင်မှိုအစက်အပြောက်များရှိပြီး အလယ်တွင်တော့ ပုံမှန်မဟုတ်သည့် ကြေးနီရောင်ရေစက်များရှိနေ၏။
၎င်းကိုမြင်ရတာ ရှလျန်အဖို့ စိတ်မသက်မသာဖြစ်လာကာ ခေါင်းတစ်ခုလုံး ထုံကျင်လာတော့တယ်။

Human Mold(Myannar Translation)Where stories live. Discover now