တီ....တီ....တီ.....
^ စေ..တ..မာန်... မင်း မထသေးဘူးလား ဟမ်.... ငါလာရိုက်ရမှာလား ... ^ဒါနေ့တိုင်း ကြားနေရတဲ့ ကျတော်တို့အိမ်က မာတာမိခင်ရဲ့ နှိုးစက်ကြီးပါ...
ဟုတ်ပါတယ် ကျတော့နာမည်က
^° စေတမာန် °^ ပါ ....^° စေတမာန် မေမေခေါ်နေတာ မကြားဘူးလား °^
အခန်းရှေ့မှာ မေမေ ရောက်နေပြီမို့ အခန်းတံခါးထဖွင့်ရင်း
^° နိုးပါပြီ မေမေရယ် မမောဘူးလား အော်နေရတာ °^
ပြောပြီး မေမေ ပါးလေးကိုနမ်းလိုက်တော့
^° ဟယ် ဖယ်စမ်း ..အောင်မလေး ဘယ်လောက်တောင် သောက်ထားသလဲမသိဘူး အနံ့တေကို ဟောင်ထနေတာပဲ မင်းဒယ်ဒီသိရင် အဆူခံရတော့မှာပဲ °^
^°နည်းနည်းပါ ဇေဇေလေ သူ့ birthday party မို့ အတင်းတိုက်လို့ပါ...ဟီးးး °^
^° သွား ရေချိုးတော့ ပြီးရင် အောက်ဆင်းခဲ့ °^
ခေါင်းပြန်ငြိမ့်ပြပြီး ကျတော် ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။ မေမေကတော့ ကျတော့ရဲ့ အိပ်ရာတေသိမ်းကာ ထုံးစံအတိုင်း တရာတေဟောနေတော့လေရဲ့......
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
^° စေ ...... ရတီ တို့ တွဲနေတာကို အိမ်က သိသွားပြီ °^
^° အဲ့ဒီတော့ ......°^
^° အိမ်ကသဘော မတူနိုင်ဘူးတဲ့ အကိုတေက အဲ့တာ ရတီတို့ °^
^° လမ်းခွဲကြမယ်လေ °^
^° ရှင်......°^
^° ဟုတယ်လေ မင်းအိမ်ကမှ သဘောမတူတာ တူတဲ့သူနဲ့တွဲလိုက်°^
ဖြန်းးးးးးးးးး
ကျတော့ပါးတဖက်ပူသွားယုံမျှလွဲပြီး...
Canteen တခုလုံးရဲ့အကြည့်တေကကျတော့ဆီသို့ကျရောက်လာခဲ့လေသည်။
^° ရှင်....လူယုတ်မာကောင်ပဲ ပျက်တယ် ကျမကလဲ... ရှင် တကယ်ချစ်တဲ့သူနဲ့မှ ရှင် ဝဋ်လည်လိမ့်မယ် °^
ပြောပြီး ထွက်သွားလေသည်.. သူ့သူငယ်ချင်းများကလဲ နဂါးမျက်စောင်းတွေပစ်ကြွေးကာ အပြေးလိုက်သွားကြသည်....
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)