အိမ်ပြန်ရောက်တာနဲ့ သူအိပ်ဖို့ရာ အိပ်ရာပြင်ပေးပြီး
" မင်း နားတော့လေ တနေ့လုံး ကားမောင်းလာရတော့ ပင်ပန်းနေမှာပေါ့"
"ဟုတ်...ဒါပေမယ့် ကိုကိုနဲ့ စကားပြောချင်သေးတာ "
" ဘာတွေအဲ့လောက်တောင် ပြောစရာရှိလို့လဲ စေတမာန် "
"ဟို...."
စိတ်ထဲကနေတော့ ' ကိုကို နားမှာနေခြင် သေးတယ်ဆို ပိုမှန်လိမ့်မယ် ကိုကို'
"မဟုတ်ပါဘူး ဟီး..."
လေပြေ လဲ မျက်စောင်းထိုးကာ ကိုယ့်အခန်းထဲသာဝင်လာလိုက်တော့သည်။
..
" ကိုကို အိပ်ပြီလား "
ဆိုတဲ့အသံလေးတိုးတိုးကိုကြားလိုက်ပေမယ့် မသိကျိုးကျွံပြုကာ ဆက်အိပ်နေလိုက်သည်။
" ဟင့်အင့်.... ကိုယ် တောင်ပန်ပါတယ်... ကိုယ်မှားတာပါ ကိုယ့်ကိုယ်ခွင့်မလွတ်ပါနဲ့ ကိုယ်ကိုယ့်ကိုပါ ဘာလို့မခေါ်သွားတာလဲ"
ဆိုပြီး အိမ်မက်ယောင်ကာ ငိုနေသဖြင့်
"ကိုကို တိတ်နော် ကျတော်ရှိတယ် မငိုပါနဲ့"
ဆိုပြီး မျက်ရည်လေးသုတ်ပေးကာ ခန္ဓာကိုယ်လေးကို ကလေးတွေချော့သလို ပုတ်ကာပြန်သိပ်ပေးလိုက်သည်။
..
..
..
..မိုးရာသီဆိုပေမယ့် မိုးမရွာဘဲ အရမ်းပူ နေတာကြောင့် ဘယ်လိုမှမနေနိုင်ပါဘူးဆို မိမိမှာတစ်ခုခုနဲ့ ထိကပ်ထားတော့ ပိုပူသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ...
"ဟင်.... "
"အား"
"ဝုန်း"
ဆိုကာအသံများပြိုင်တူထွက်သွားပြီး ဆူညံသွားလေသည်။
"အားကျွတ်...ကျွတ်.... ကိုကို ဘာလို့ကန်ချတာလဲ..?"
"မင်း ဘာလို့ ငါ့အခန်းထဲရောက်နေတာလဲ..."
"အဲ့တာ ကိုကို ကြောင့်ရောက်နေတာလေ ဗျာ"
" ဘာလို့ ငါ့ကြောင့်လဲ...?"
" ကိုကို ညက ယောင်ပြီးငိုနေလို့ ကျတော် လာချော့ရင်း ဒီမှာအိပ်ပျော်သွားတာ"
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)