အိပ်ရာပြောင်းတာရယ်... ရင်ခုန်နေတာရယ်ရောကာ လူကအိပ်မရပေ... နာရီကြည့်လိုက်တော့ 2 နာရီပင်ကျော်နေပြီ ..ဒီအချိန်ဆို ဆေးကုန်နေလောက်ပြီ
ဆေးလဲပေးရန်ထလာတော့ ကိုကို မှာ အတော်လေးအိပ်မောကျနေပြီ...အဲ့တာနဲ့အသာလေးဆေးလဲပေးပြီး မျက်နှာလေးကြည့်လိုက်တော့ ချွေးလေးတွေပြန်နေတာနဲ့ အနားမှာရှိတဲ့ ယပ်တောင်လေးနဲ့ခပ်ပေးလိုက်ကာ
တစိမ့်စိမ့်ကြည့်လေ ခင်ဗျားကြီးက အရမ်းချစ်ဖို့ကောင်းလေပဲဗျာ.... ဆိုလာမီးမှိန်မှိန်လေးအရောင်အောက်မှာတောင် မျက်နှာလေးက ဖွေးနေပြီး မျက်တောင်ကော့ကော့ရယ် နှာတံသွယ်သွယ်လေးရယ်...နှုတ်ခမ်းရဲရဲဖူးဖူးလေးရယ် ....
အသိစိတ်လွှတ်စွာ နမ်းလိုက်မိခြင်း... သူ့ရဲ့ လူးလွန့်လာတဲ့ခန္ဓာကိုယ်လေးကြောင့် အသိစိတ်ပြန်ကပ်ကာ ကမန်းကတမ်းထပြီး အခန်းထဲသာ ဝင်လာလိုက်သည်။
••••••••••••••••••••••••••••••••••••••••••••••
ဆေးအရှိန်ရယ် တနေကုန်ပင်ပန်းတာကြောင့် အရမ်းအိပ်ပျော်မိသွားသည်... အသက်ရူမဝသလို ခံစားရလို့ မျက်ခွံမှာလေးနေပြီး ချက်ခြင်းမဖွင့်နိုင်ပေ...
မနဲအားယူပြီးဖွင့်ကြည့်လိုက်တော့ ဘာမှရှိမနေ ဆေးဘူးလှမ်းကြည့်တော့ အသစ်ဖြစ်နေပြီ ဘယ်အချိန်လာလှဲပေးသွားမှန်းမသိ... ကိုယ်လဲအရမ်းအိပ်ချင်နေတာနဲ့ ဘာမှမစဉ်းစားပဲပြန်အိပ်ခဲ့လိုက်သည်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဒီနေ့.... မရောက်တာကြာတဲ့ သူ့အုတ်ဂူလေးဆီရောက်ခဲ့တော့ ...
"ဟင်.... နှင်းဆီဖြူတွေပါလား ဘယ်သူလာသွားတာလဲ .... "
ဘေးဘယ်ညာကြည့်တော့လဲ ဘယ်သူ့မှမတွေ့.... သန့်ရှင်းရေးလဲလုပ်ထားတာပါလာတဲ့နှင်းဆီဖြူလေးတွေကို ချကာ
* နွယ်....ကိုယ် ဒီနေ့နောက်ကျသွားတဲ့ အတွက်ကြောင့် စိတ်မဆိုးနဲ့နော် *
နှုတ်ဆက်ကာ ပြန်လှည့်ထွက်ရင်း ဇရပ်ရောက်တော့
* အဘ...ခုနက ဒီကို လူလာသေးလား *
* အွန်းးးး ခပ်ချောချော ကောင်လေးတယောက်တော့ လာသွားတယ် *
* ကျေးဇူးပါ အဘရေ *
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)