ဒီနေ့က စာမေးပွဲဖြေရက် ပထမဆုံးနေ့ဆိုတော့ ကလေးတွေနဲ့အတူ ကိုယ့်မှာရင်တွေခုန်နေရသည်။
သူတို့လေးတွေကျန်ခဲ့မှာစိုးလို့ ကိုယ့်လွယ်အိတ်ထဲ ခဲတံ / ပေတံ/ ခဲဖျတ်/ လိုအပ်မယ်ထင်တာ မှန်သမျှအကုန်ထည့်ရလေသည်။
* ဆရာလေးရေ သွားမယ်လေ တော်ကြာနောက်ကျနေအုံးမယ် *
အိမ်ရှေ့မှ ဆရာမနှင်းယုအော်သံကြောင့်
* လာပြီ လာပြီ ဆရာမရေ *
ပြောကာ ပြေးထွက်ခဲ့ပြီးမှ မှတ်စုစာအုပ်ကျန်ခဲ့လို့ ပြန်ဝင်ယူရသေးသည်။
* အောင်မလေး ဆရာလေးရယ် ကိုယ်တိုင်ဖြေမှာကျနေတာပဲ *
*ဟဲ....သူတို့လေးတွေ ပစ္စည်းတွေကျန်ခဲ့ရင် ပြန်ယူဖို့ကမလွယ်လို့လေ *
ကျတော်တို့ရွာလေးမှာ မူလတန်းကျောင်းရှိပေမယ့် လူဦးရေနည်းတော့ " သပြေဘူတ " ရွာမှာ သွားပေါင်းဖြေရတယ် ....ကျတော်တို့ရွာနဲ့ နာရီဝက်လောက်တော့ ဝေးတယ်.....
ကျတော်ရောက်တာနဲ့ ထော်လာဂျီပေါ်မှာ လူကစုံနေပြီ ဖြစ်တာနဲ့ ထွက်ခဲ့ကျတော့သည်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
* တမာန် .... ဒီနှစ်သင်္ကြန် လျောက်လည်မှာလား *
* လည်မှာပေါ့ ဒီနှစ်မဏ္ဍပ်တွေ ပေါတယ်လေ လည်ကြမယ် *
* အာ့ဆို ငါလူပိုတယောက်ခေါ်လာလို့ရမလား*
ဥဩ အပြောကြောင့် ကျတော် မျက်မှောင်ကြုပ်လိုက်ပြီး
* ဥဩ .... နင် ဟိုဘက်ခြံကကောင်နဲ့ပတ်သတ်နေတာလား ဟမ် သူကနင့်ကောင်လား *
* ဟာ.... နင်ကလဲ ငါတို့ကရိုးရိုးခင်တာပါဟ နင့်ကိုခနခနပြောပြနေတာပဲ ကိုစစ်က အရင်ထဲက အသိတွေပါဆို ကိုစစ်ကိုကိုက အရင်က ငါ့ကိုစာသင်ပေးတာမို့လေ *
* ငါ အဲ့တာတွေမသိချင်ဘူး ပတ်သတ်နေတာလား မပတ်သတ်တာလားပဲ သိချင်တာ ... အေး ငါတော့ အဲ့ကောင်ကိုကြည့်မရလို့ ခေါ်မလာနဲ့ နင်ပတ်သတ်နေရင်လဲ ငါ့ကို လာမပတ်သတ်နဲ့ဟာ *
ပြောပြီး ထထွက်သွားလေသည်။ ဥဩမှာဘာမှပြောချိန်မရလိုက်ပဲ
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)