ဘာလိုလိုနဲ့နက်ဖြန်ဆိုပြန်ရတော့မယ်...
မပြန်ချင်သေးဘူး...အဲ့တာထက် သူ့ကို မခွဲနိုင်သေးဘူး....'ငါ့စိတ်တေဘာဖြစ်နေတာလဲ ငါက ဖြောင့်တာမှ ဓာတ်တိုင်လိုကြီးပါ ... ငါခနတာသာယာနေတာပါ ဟိုရောက်ရင်မေ့သွားလိမ့်မယ်...'
ကိုယ့်ကိုယ်နှစ်သိမ့်နေရင်းက
* တူးလေး ဘာတွေစဉ်းစားနေတာလဲ *
* ပြန်ရတော့မှာမို့ တွေးနေတာပါ ... ဒါနဲ့ဒေါ်လေး...သားနဲ့ အိမ်ကိုလိုက်ခဲ့ပါလား*
* မလိုက်တော့ပါဘူးကွယ်....ဒီမှာလဲ လယ်တေကရှိသေးတယ်လေ *
* အကြာကြီးမဟုတ်တောင် တစ်ပတ်နှစ်ပတ်ပေါ့ မေမေတို့ကလဲ တွေ့ချင်နေတာကို *
* ဒေါ်လေးလဲ တွေ့ချင်တယ်... ဒါပေမယ့် ဒီအိမ်ကြီးကို ပစ်မထားရက်ဘူးကွယ် *
* ဟွန့်... မမရှိတုန်းပဲ ဒေါ်လေးက ခေါ်လို့ရတယ် *
မမ ဆိုတဲ့အသံကြားတော့ ဒေါ်လေးမှာ မျက်နှာလေးညိုးသွားကာ
* သားရော သူ့ကိုသတိရသေးတယ်လား *
* ရတာပေါ့ဗျာ.... ကျတော်တောင်းပန်ပါတယ်နော် ကျတော်ရင်မဆိုင်ရဲလို့ မလာမိတာ ခုမှလာမိလို့ *
* မဟုတ်တာ... ခုလာတာတင်ပဲဝမ်းသာမိနေပြီ *
ဒေါ်လေးရင်ခွင်ထဲမှာ ကလေးတယောက်လိုငိုမိတော့ ဒေါ်လေးပါ မျက်ရည်ကျလာပြီး
* ကဲကဲ မငိုတော့နဲ့ ကလေးလဲမဟုတ်တော့ဘူး သမီးလဲ စိတ်မကောင်းဖြစ်နေမယ် *
ပြောလဲပြော မျက်ရည်တွေသုတ်ပေးတဲ့ဒေါ်လေး ... ကျတော့အတွက်တော့ ဒုတိယ အမေဆိုလဲ ဟုတ်တယ်
* တမာန်.... အောင်မာ ဘာတွေကပ်ချွဲနေတာလဲ *
ဇေဇေ အသံကြောင့် မျက်ရည်တွေအမြန်သုတ်လိုက်ပြီး
* ဘာမှကပ်မချွဲပါဘူးနော် *
* အယ် ဆရာလေးလဲ ပါလာတာလား... အတော်ပဲ ထမင်းစားချိန်ဆိုတော့ ထမင်းတခါတည်းစားသွား *
* ဗျာ... ဟာ...အရီး ကျတော်စားလာပြီးပြီ ရပါတယ် *
* အယ် အကိုဘယ်ချိန်စားလိုက်တာလဲ ခုမှ ရွာထဲဘက်ကပြန်လာတာမဟုတ်ဘူးလား *
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)